အခန်း ၉၉

552 84 1
                                    

99 01

Ch99 – "ချန်ချန်၊ မင်းငါ့ဆီပို့တဲ့ဓာတ်ပုံတွေထဲမှာ ဘာလို့အဝတ်မဝတ်ထားတာလဲ"

လီချန်သည် ရေကူးကန်မှ ကုန်းပေါ်သို့ခုန်တက်လာကာ မှန်းဆ၍မရသော ပျော်ရွှင်မှုကို ခံစားနေရကာ စိတ်အားထက်သန်နေခဲ့သည်။ သူချန်ပီယံဖြစ်ခဲ့ပြီ။ ကမ္ဘာ့ချန်ပီယံဖြစ်သည်။ ထို့ပြင်သူသည်ပြိုင်ပွဲ၏ကမ္ဘာ့စံချိန်ကို ချိုးခဲ့သော ချန်ပီယံဖြစ်သည်။

နည်းပြယွီသည်သူ့အား သူမ၏လက်ထဲမှ တဘက်နှင့်ဂျာကင်တို့ဖြင့် နှုတ်ဆက်ကာ ပြိုင်ပွဲပြီးနောက် သူ့အားပတ်ပေးလိုက်သည်။

လီချန်သည် ပြိုင်ပွဲမှာ သူ၏စွမ်းရည်ကို ကုန်ဆုံးစေသောကြောင့် လမ်းလျှောက်ရာတွင် အနည်းငယ် တုန်ရီနေသည်။ နည်းပြယွီသည် သူ၏လက်မောင်းကို တင်းကျပ်စွာဆုပ်ကိုင်ကာ သူ့အားထောက်ပံ့ပေးနေခဲ့သည်။

"ကျွန်တော်တကယ် စံချိန်ချိုးလိုက်တာလား နည်းပြ" လီချန်သည်သူ၏မျက်နှာပေါ် မယုံနိုင်လောက်အောင်ဖြစ်နေသည်။

နည်းပြယွီ၏မျက်နှာမှာ ရှားပါးသည့်အပြုံးနှင့် တောက်ပနေသည်။ "အသေအချာပဲပေါ့။ မင်းအရင်ကထက်ပိုပြီးတောင် ကောင်းကောင်းရေကူးခဲ့တယ်။ ငါအခုမှ အားကစားဗျူရိုရဲ့ခေါင်းဆောင်တွေဆီက ဖုန်းရတယ်။ သူတို့တရုတ်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီး မင်းရဲ့စွမ်းဆောင်ရည်ကို တကယ်ကျေနပ်တယ်တဲ့"

လီချန်သည် ဟိုက်ဒရိုဂျင်ဖြည့်ထားသော ပူဖောင်းကဲ့သို့ဖြစ်သည်။ သူ့အားကိုင်ထားသော နည်းပြသာမရှိခဲ့လျှင် ပျံသန်းသွားလိမ့်မည်။

သို့သော် အချိန်တစ်ခုစာအတွက် ချီးကျူးဂုဏ်ပြုခြင်းများအား ဘေးဖယ်ထားသင့်သည်။ လီချန်၏သိချင်စိတ်ကို နှိုးဆွနေသောအရာမှာ "နည်းပြ၊ ချန်ပီယံရှစ်အနိုင်ရတဲ့အတွက် ရမယ့်ဆုငွေကဘယ်လောက်လဲ။ ကမ္ဘာ့စံချိန်ကိုချိုးတာက ဆုရတာထက် ပိုခက်တာပဲ။ ဆုကအနည်းဆုံး နှစ်ဆလောက်တော့ရှိသင့်တယ် ဟုတ်တယ်မလား"

နည်းပြယွီ: "..."

နည်းပြယွီသည် သူမဘဝတွင် ဤကဲ့သို့ ငွေမက်သည့် ကမ္ဘာ့ချန်ပီယံကို မမြင်ခဲ့ဖူးပေ။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now