အခန်း ၅

1.7K 268 1
                                    

Unicode

အခန်း - (၅) သူ့ရင်ခွင်ထဲ ရောက်သွားရတယ်။

ကျောင်းမှာ လျှို့ဝှက်ချက်ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။

တစ်ရက်အတွင်းမှာပဲ ကျောင်းသားရာပေါင်းများစွာရှေ့တွင် လှပသော ဂျူနီယာ အိုမီဂါကို လျစ်လျူရှုလိုက်သည့် ရှောင်ရီဟန်၏ သတင်းသည် တစ်ကျောင်းလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ လီချန်သည် အတန်းထဲသို့ ဝင်သွားတော့ အားလုံးက ဆူညံပွက်လော ရိုက်ပြီး ဆွေးနွေးနေကြသည်။

သူက သိချင်စိတ်ပြင်းပြကာ၊ သူ၏ ဘီတာ လီညီအစ်ကိုများထဲမှ တစ်ဦးရှေ့တွင် ရပ်လိုက်ပြီးနောက်...  ” ဟွမ်ယဲ့လွင်၊ မင်းဘာတွေ ပြောနေတာလဲ ”

လီညီအစ်ကိုများကို အဆင့်အတန်း အမျိုးမျိုးခွဲထားမည်ဆိုလျှင် ရေကူးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟွမ်ယဲ့လွင်သည် လီချန်၏ အနီး ကပ်ဆုံး လူယုံဖြစ်လာမည် ဖြစ်သည်။ သူသည် ဧကရာဇ်မင်းမြတ်၏ အယုံကြည်ရဆုံး အကြီး အကဲ မိန်းမစိုးကဲ့သို့ အဟမ်း၊ သတင်းပေးရသူနှင့် ဆင်တူသည်။ နေ့တိုင်း သူ့တာဝန်က လီချန်ကို သစ္စာရှိရှိ ဆောင်ရွက်ပြီး သူ့အစေခံအဖြစ် ဆောင်ရွက်ဖို့ပါ။

ဟွမ်ယဲ့လွင်သည် အတင်းအဖျင်းပြောရုံမှတပါး ဘာမှ မတတ်နိုင်သူတစ်ဦးဖြစ်သည်။ လီချန်က သည်ကိစ္စကို စိတ်ဝင်စားသည်ကို သူမြင်လိုက်တာကြောင့် မနေ့က ကော်ဖီဆိုင်မှာ ဖြစ်ပျက်ခဲ့သမျှတွေ၊ ဂျူနီယာ ပြောသမျှ၊ ရှောင်ရီဟန်က ဘယ်လိုထင်လဲ၊ ကျောင်းသားတွေက သူတို့ကို ဝိုင်းထားပုံ အကြောင်းတွေကို ချက်ခြင်း ပြောလိုက်သည်။ သူသည် ထိုအချိန်က မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပြီး သူတို့ကို အပြည့်အဝ အတုယူကာ ပြောခဲ့သည်။ အဲဒါတွေကို နားထောင်ဖို့ အတွက် သူက စားပွဲအောက်မှာ ခိုးကာ နားထောင် ထားသလိုပါပဲ။

” လီကော ဒီရှောင်ရီဟန်က အရမ်းမောက်မာတယ်လို့ မင်းမထင်ဘူးလား ”

ဟွမ်ယဲ့လွင်က စားပွဲကို ရိုက်လိုက်ပြီး...

“ သူမက ထူးထူးခြားခြား လှတဲ့သူ တစ်ယောက်ပါ၊ ပင်ကိုယ်စရိုက်အရ သူမက နူးညံ့သိမ်မွေ့ပြီး ရက်ရောမှု၊ ချစ်စရာ ကောင်းပြီး ရှက်တတ်သူ တစ်ဦးဖြစ်တယ်။ ပုံပန်းသဏ္ဍာန်အရ၊ သူမက ငါတို့ကျောင်းက အမျိုးသမီး အိုမီဂါများထဲမှာ အလှဆုံးဖြစ်တယ်။ ဒါတောင် သူက ‘မင်းငါ့ကို သဘောကျတာ ငါနဲ့ ဘာဆိုင်လို့လဲ’ လို့ ပြောလိုက်တယ်။ ဂျူနီယာက အဲက ပြန်လာပြီးနောက်မှာ အရမ်းငိုခဲ့တယ်။ ဒီနေ့တော့ ခွင့်ယူပြီး ကျောင်းကို မလာဘူး ”

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now