အခန်း ၄၈

770 116 2
                                    

Unicode
အခန်း - (၄၈)

 အတန်းထဲတွင် အဆာပြေမုန့် ခိုးစားခြင်း၊ သင်ကြားရေး လက်ထောက်ကို လာဘ်ထိုးခြင်း။ အမှတ်လျော့ခြင်း။

“အိုး သူတို့နှစ်ယောက် အတွက်တော့ သွားပြီ”

လီချန်သည် ဤနှစ်များအတွင်း အတန်းထဲတွင် အကြိမ်များစွာ အကျင့်ပျက်ခဲ့သည်။ အကြမ်းဆုံးဆရာ၏ အချိန်၌ပင် သူသည် အတန်းထဲတွင် ခေါက်ဆွဲခြောက်ထုပ်ကို ဆရာမသိအောင် ခိုးစားခဲ့ဖူးသည်။ ဆရာမက တကယ်ပဲ အနံ့မရတာလား ဒါမှမဟုတ် ဂရုမစိုက်တာလား ဆိုသည်ကိုတော့ သူမသိပါဘူး။ မည်သို့ပင်ဆိုစေကာမူ အတန်းထဲ ခိုးစားခြင်းကြောင့် ဆရာမဆူတာကိုတော့ တစ်ခါမှ မခံခဲ့ရဖူးပါဘူး။

ဒါပေမဲ့ ဒီနေ့တော့ သူ တစ်ဝက် စားပြီးသား ငါးခြောက်ထုပ်ကို ရီဟန်က စားပွဲတစ်ခုတည်းပေါ်တွင် လုရင်း ဆရာ ဖမ်းမိသွားခဲ့သည်။

သူတို့လက်တွေက ထပ်နေသေးပြီး ငါးခြောက်အထုပ်ကို သူတို့လက်ကြားမှာ တစ်ချိန်တည်း ဆုပ်ကိုင်ထားကြသည်။

လီချန်သည် စာသင်ချိန်အတွင်း သူ့မုန့်ကို အတူတူစားခဲ့သည့် ပဲစေ့လေးများက သူတို့လည်း မိသွားမည်ကို စိုးရိမ်သောကြောင့် လီချန်သည် မျက်လုံးများ ရစ်ဝဲလာကာ သူ့ လက်ဖဝါးများက ချွေးထွက်လာပြီး ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

စာသင်ခန်းထဲတွင် တိတ်ဆိတ်နေခဲ့သည်။ လီချန်၏ အဆာပြေစားသည့် ပဲစေ့လေးတွေ အားလုံး အသက်ရှုကြပ်သွားသည်။ လေတွေတောင် ငြိမ်သွားပုံရသည်။

နောက်ဆုံးအတန်းတွင် ထိုင်နေသော ဝေ့ဟော်ဟော်သည် မိမိလည်ပင်းကို မိမိကိုယ်တိုင် ကြိုးဖြင့်စွပ်ခဲ့သည့် ဈာပန အခမ်းအနားက မည်မျှကြီးမားမည်ကို စောင့်မျှော်နေချိန်တွင် သူ၏ မျက်နှာသည် မျှော်လင့်ချက် အပြည့်နှင့်ရှိလာသည်။ လီ အိုမီဂါ နှင့် ရှောင် အယ်လ်ဖာတို့၏”စောင့်ကြည့်လေ့လာရေး မှတ်တမ်း”သည် သူ့လက်ထဲတွင် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး စာမျက်နှာသစ် တစ်ခုကိုတောင်မှ သူက လှန်ထားခဲ့သည်။ နောက်ဆုံး သတင်းကို သူက မှတ်တမ်းတင်ရန် ပြင်ဆင်ခဲ့သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now