အခန်း ၁၀၀

587 84 0
                                    

100 01

Ch100 - ဆရာကြီးက ညစ်တယ်လို့ မင်းပြောတာလား။ ဘယ်လို ခွေးစကားမျိုးလဲ

တရုတ်ရေကူးအသင်းမှာ လီချန်၏ ရွှေတံဆိပ်ဆုသက်ရောက်မှုကြောင့် လာမည့်ပြိုင်ပွဲများတွင် အားကောင်းသည့်‌တည်နေရာတွင် ရှိနေခဲ့ကာ တစ်ဦးချင်းပွဲစဉ်များတွင် ပြောင်မြောက်သောရလဒ်များကို ထုတ်ပြခဲ့သည်။ တစ်ဦးချင်းပွဲစဉ်များတွင် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးအတွက် ပွဲစဉ်၂၄ပွဲပါဝင်နေခဲ့သည်။ အမျိုးသမီးအသင်းမှာ ငွေတံဆိပ်၃ဆုနှင့် ကြေးတံဆိပ်၄ဆုရရှိစဉ် အမျိုးသားအသင်းမှာ ‌ရွှေတံဆိပ်၄ဆု၊ ငွေတံဆိပ်၅ဆုနှင့် ကြေးတံဆိပ်၃ဆုတို့ ရရှိခဲ့သည်။ ကျိုးကျန်သည် သူတို့အားလုံးတွင် အကောင်းဆုံးစွမ်းဆောင်ခဲ့သည်။ တာဝေးအလွတ်တန်းပြိုင်ပွဲနှစ်ပွဲတွင် သူသည် ရွှေတံဆိပ်နှင့် ငွေတံဆိပ်ဆုတို့ကို ရရှိခဲ့သည်။ သူသည်ဆွဲဆောင်မှုရှိကာ ချမ်းသာသောမိသားစုက ဆင်းသက်လာသည်။ သူ၏ကိုယ်ပိုင်ဆိုရှယ်အကောင့်မှာ သူ၏အောင်ပွဲသတင်း တိုက်ရိုက်ကြေငြာပြီးသည့်နောက် ပရိသတ်များတစ်သိန်းကျော် ရရှိသွားခဲ့သည်။

လီချန်သည်စိတ်ဝင်စားသွားကာ စုံစမ်းရန်ဆိုရှယ်ဆော့ဖ်ဝဲကို ဒေါင်းလုတ်ခဲ့သည်။ ကျိုးကျန်၏မှတ်ချက်နေရာမှာ ကြီးမားသည့်ကြက်ခြံဖြစ်နေကာ အချို့အင်တာနက်သုံးစွဲသူများမှာ သူ၏ရင်ဘတ်ကိုလျက်နေကြကာ အချို့မှာ သူ၏ကြွက်သားများကို လျက်နေကြပြီး အချို့မှာ သူ၏အောင်ပွဲခံပုံအောက်တွင် "ယောင်္ကျား"ဟူသော မှတ်ချက်များကို ချန်ထားခဲ့သည်.......

ကြက်များထဲမှတစ်ယောက်...အဟမ်း တစ်စုံတစ်ယောက်မှာ ကျိုးကျန်နှင့်လီချန်တို့မှာ အသင်းဖော်များဖြစ်သောကြောင့် လီချန်သည်လည်း ဆိုရှယ်မီဒီယာအကောင့်ကို မှတ်ပုံတင်ထားသလားဟု စုံစမ်းခဲ့သည်။ လူတိုင်းသည် အိုမီဂါခေါင်းဆောင်ကြောင့် ရင်သပ်ရှုမောနေကာ သူနှင့်သူငယ်ချင်းဖြစ်ချင်ကြသည်။

လီချန်သည် ငါအင်တာနက်ပေါ် မစူးစမ်းဘူးလို့ မင်းတို့‌ထင်နေတာလားဟု တွေးနေခဲ့သည်။ ထိုအချိန်က နာမည်ကြီးမှတ်ချက်တစ်ခု ရှိခဲ့သည်။ "ငါတို့သူငယ်ချင်းဖြစ်နေပြီမို့ အတူတူရှိရအောင်~"

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now