Part-1(Unicode)

2.6K 127 8
                                    

ဧပြီလ၁ရက်နေ့ကApril fool dayဖြစ်တယ်..လူတွေကရယ်စရာကောင်းတ့ဲပျက်လုံးတွေလုပ်ပြီးလိမ်ညာကြတ့ဲနေ့ပဲ..တစ်ချို့လူတွေကအ့ဲဒီနေ့မှာလိမ်လိုက်တ့ဲကိစ္စတွေကတကယ်ဖြစ်လာတယ်လို့ယုံကြည်ကြတယ်..ကျွန်မအတွက်ကျွန်မတွေ့ရမ့ဲအမှန်တရားတွေကိုတော့လိမ်ညာတ့ဲကိစ္စတွေပဲဖြစ်လိုက်စေချင်တယ်..

ကျွန်မရဲ့အဝတ်လဲခန်းကပြက္ခဒိန်မှာရက်စွဲတစ်ခုမှတ်လိုက်ပြီးအဝတ်ဗီဒိုကိုဖွင့်ကာအိတ်ကိုယူရင်းအ့ဲဒီဗီဒိုအထဲကအသဲပုံဘူးလေးထဲမှာရှိတ့ဲစိန်နဲ့လုပ်ထားတ့ဲလက်ထပ်လက်စွပ်လေးကိုယူကာလက်သန်းကြွယ်မှာဝတ်လိုက်ကာအတွေးတွေနဲ့ပြုံးလိုက်ရင်းdutyပြီးပြီးမို့အခန်းထဲကထွက်လာခ့ဲလိုက်သည်..

ဝီ..ဝီ..ဝီ

"လွန်း.."

ခေါ်သံကြားတာမို့လှည့်ကြည့်လိုက်ပြီး..

"ဟုတ်..အစ်မ"

"အစ်မကိုကူညီပေးလို့ရမလား.."

"ဘာဖြစ်လို့လဲရှင့်.."

ကျွန်မလည်းအစ်မအနောက်လိုက်သွားကာလူနာရှိတ့ဲအခန်းရဲ့လိုက်ကာကိုဆွဲလိုက်တော့သွေးတွေရဲနေတ့ဲအကျႌလက်ရှည်အဖြူ ရဲ့လက်မောင်းနေရာကိုဆွဲဖြဲဖို့လုပ်နေတ့ဲကောင်လေးတစ်ယောက်..ကျွန်မဝင်သွားတော့သူကလည်းပြန်လှည့်ကြည့်လာတာမို့အကြည့်ချင်းအတော်ကြာဆုံမိသွားသည်..သူ့ဘက်ကမျက်တောင်မခတ်စိုက်ကြည့်နေသည်မို့ကျွန်မဘက်ကမျက်နှာလွှဲကာ..

"မောင်လေး..ဘာလုပ်မှာလဲ..ဒီလိုအကျႌချွတ်လိုက်ရင်ဒဏ်ရာတွေလန်ကုန်လိမ့်မယ်.."

"မောင်အကျႌမချွတ်ရင်ဆရာမဆေးဘယ်လိုထည့်မှာလဲ.."

"ကတ်ကြေးသုံးပြီးဖြတ်မယ်လေ.."

သူမကချက်ချင်းဆေးပစ္စည်းတွေထားတ့ဲနေရာမှာကတ်ကြေးကိုအပြေးအလွှားရှာတော့သည်ဒီဆရာမကမောင့်ကိုယောကျော်းလေးထင်နေတာဖြစ်လိမ့်မယ်..မောင်လေးတ့ဲလေ..သူမပုံစံကမောင်တွေ့ဖူးသမျှမိန်းကလေးတွေလိုမဟုတ်ဘဲမျက်နှာအေးအေးလေးနဲ့ကြည့်လိုက်တာနဲ့ငေးမောချင်စရာလေး..ဖြူဖွေးတ့ဲအသားအရည်နဲ့အတူချောမောနေတ့ဲမျက်နှာကိုမိတ်ကပ်ပါးပါးလေးသာသုံးထားတ့ဲသူမပါးပြင်ကသွေးကြောစိမ်းစိမ်းလေးတွေကအထင်းသား..မောင်သူမကိုငေးကြည့်နေရင်းစိတ်မရှည်တာမို့အကျႌကိုဆွဲဖြဲကာချွတ်လိုက်သည်..

အခ်စ္ကစားပြဲWhere stories live. Discover now