Part-15(Unicode)

1.2K 84 12
                                    

"တီလွန်းပြင်ထားပြီးပြီလားဟင်.."

"အင်း။အဘွားကိုသွားပို့ပြီးပြီလား.."

"ဟုတ်က့ဲ။ပေး အဝတ်အစားအိတ်မောင်အရှေ့မှာစောင့်နေမယ်.."

မောင်ထွက်သွားတော့ခမ်ကစကားစလာသည်..

"လွန်း အတူတူသွားနေလို့ဖြစ်ရဲ့လားဟင်။နင်ကမကွာရှင်းရသေးဘူးလေ။ကွာရှင်းပြီးမှသွားနေတာကပိုသင့်တော်မယ်ထင်တယ်နော်.."

"ခမ် ငါမောင်နဲ့အတူတူနေချိန်လေးလိုချင်တယ်။ပြီးတော့ နောက်မှရောက်လာမ့ဲကိစ္စတစ်ခုကြောင့်အတူတူမပျော်လိုက်ရမှာကြောက်တယ်.."

"လွန်း။နင့်မှာငါ့ကိုမပြောရသေးတ့ဲကိစ္စရှိတယ်မလားဟင်။နင်ဒီစကားကိုပြောနေတာအကြိမ်မနည်းတော့ဘူး.."

"မရှိပါဘူး။ငါသွားတော့မယ်နော်.."

"သေချာဂရုစိုက်နေဦးနော်.."

"အင်းပါ သွားပြီ.."

မောင်နဲ့တူတူမောင့်အိမ်လေးကိုလာခ့ဲကြသည်။အရင်ဆုံးအတူနေလို့အဆင်ပြေမပြေသိချင်လို့အဝတ်အစားတွေကအနည်းငယ်သာအရင်ယူလာလိုက်သည်။အိမ်ထဲရောက်တော့မောင်ကဆိုဖာမှာအဝတ်အစားအိတ်ကိုတင်ပြီးမတ်တပ်ရပ်နေသည်မို့..

"မောင် နေဦးနော်။တို့ဒါလေးအရင်သွားထားလိုက်မယ်.."

"ခဏလေး။အဝတ်အစားအိတ်ကထားထားဦး.."

"မျက်နှာကဘာဖြစ်နေတာလဲ။ဘာမသကာၤစရာလုပ်ထားလဲ။မှန်မှန်ပြော.."

"အိမ်ရှင်တို့.."

"တီလွန်း မောင်ပြန်လာခ့ဲမယ်။မျက်စိခဏမှိတ်ထားပေးနော်။ခဏလေးဘဲမှိတ်ထားပါ.."

"ဘာတွေလာကစားနေပြန်တာလဲ..မောင်"

"မျက်စိမမှိတ်ရင်နမ်းမှာနော်..မွ..မွ"

"မောင်..မောင်..မှိတ်မယ်.."

"ဒါဆိုဒီမှာထိုင်နေနော်.."

တီလွန်းမျက်စိမှိတ်ပြီးထိုင်တာနဲ့မောင်အိမ်ရှေ့ကိုထွက်သွားလိုက်သည်..

"ပစ္စည်းလာပို့တာပါ။နောက်ကျသွားတယ်.."

"ရပါတယ်။.."

အခ်စ္ကစားပြဲWhere stories live. Discover now