Part-6(Unicode)

1.2K 95 14
                                    

မနက်ကျတော့မောင်အမေ့အလုပ်ဆီသွားခ့ဲသည်ညကတီလွန်းနဲ့တွေ့ပြီးပြန်တော့လည်းဖုန်းဆက်တာမကိုင်တာကြောင့်စိတ်ထဲလေးနေမိလို့အလုပ်ဆီလိုက်လာရသည်..

"အမေရှိရဲ့လား.."

"အန်တီခေတ်ဆိုင်မှာမရှိပါဘူး.."

"ဒါဆိုအမေဘယ်သွားတာလဲ.."

"အန်တီခေတ်ဆေးရုံမှာပါ..ညကကားမတော်တဆမှုဖြစ်သွားလို့ပါ.."

ဝန်ထမ်းစကားကြောင့်စိတ်ပူမိသွားခ့ဲရတယ်တီလွန်းပြောခ့ဲတာတွေသတိရတော့တီလွန်းကသိနေတာများလား။ဒါဆိုဘာလို့တိုက်ရိုက်မပြောရတာလဲ..မောင်လည်းချက်ချင်းဆေးရုံကိုလိုက်သွားလိုက်သည်..

"ဒေါက်တာ.."

မောင်အမေ့အခန်းထဲဝင်ဖို့တံခါးဖွင့်တော့ထွက်လာတ့ဲအမေ့ရဲ့ခေါ်သံကဒေါက်တာတ့ဲလေ..

"မောင်.."

"မောင့်ကိုအ့ဲဆရာဝန်လို့ထင်နေတာလား.."

"မောင်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ..အမေဒီမှာရှိတာမောင့်ကိုဘယ်သူပြောတာလဲ.."

"မောင်လာတာအမေနည်းနည်လေးမှဝမ်းမသာဘူးလား.."

"ဝမ်းသာတာပေါ့..အမေဝမ်းသာတယ်.."

"ဒါပေမ့ဲအမေ့မျက်နှာကဝမ်းသာတာထက်လန့်နေသလိုဘဲနော်.."

"မောင်လာမယ်လို့အမေမထင်ထားလို့ပါ.."

"အမေ့ရဲ့စိတ်ကအ့ဲဒေါက်တာလာကြည့်ဖို့ကိုဘဲမျှော်နေတာမလား.."

"မောင်!..အမေနာနေတာနော်..အားပေးစရာဘဲလိုချင်တာပါ။အရွဲ့တိုက်တ့ဲစကားတွေမလိုချင်ဘူး.."

"သူနာပြုပြောတာကအမေကသက်သာနေပါပြီးတ့ဲ။ဒါပေမ့ဲအမေကဆေးရုံမှာဆက်နေဖို့တောင်းဆိုထားတာဆို.."

"မောင်ပြောနေပုံက..သနားတာကိုခံရဖို့အမေကကိုယ့်ကိုယ်ကိုယ်နာအောင်လုပ်ခ့ဲသလိုဘဲ.."

"မောင်လည်းအ့ဲလိုမတွေးချင်ပါဘူး။တကယ်လို့အမေကအ့ဲလိုလုပ်ခ့ဲတယ်ဆိုရင်တော့အမေအရမ်းကိုအစွန်းရောက်နေလို့ပဲ..ကိုယ့်အသက်ကိုစတေးပြီးတစ်ကိုယ်ကောင်းဆန်တ့ဲယောကျာ်းနဲ့လဲရအောင်လို့.."

အခ်စ္ကစားပြဲWhere stories live. Discover now