Part-16(Unicode)

1.1K 89 15
                                    

လွန်းချက်ချင်းဘဲခေတ်ရှိတ့ဲဆေးရုံကိုသွားတော့လည်းအခန်းထဲမှာခေတ်ကရှိမနေပေ။မောင်လာသွားလားဆိုတာသူနာပြုတစ်ယောက်ကိုမေးတော့လည်းဒေါက်တာကလွဲရင်ဘယ်သူမှလာတာမတွေ့ဘူးလို့ပြောတာမို့မောင့်အိမ်ကိုခမ်နဲ့အတူလိုက်သွားလိုက်သည်..

"မောင်..မောင်.."

ဘဲလ်တီးတော့လည်းမထွက်လာ။ခေါ်တော့လည်းအသံမပေး။အိမ်တစ်ခုလုံးလည်းတံခါးတွေကပိတ်ထားသည်..

"မောင်..မောင်.."

"လွန်း သော်ကမောင်ကအိမ်မှာမရှိဘူးထင်တယ်နော်.."

"မောင်ကအိမ်မှာမရှိဘူးဆိုရင်ဘယ်သွားမှာလဲ။သူ့အဘွားအိမ်မှာလည်းမရှိသလို သွန်တို့ဆီကိုလည်းမသွားဘူးတ့ဲလေ.."

အရူးတစ်ယောက်လိုငိုယိုပြီးပြောနေတ့ဲသူငယ်ချင်းဖြစ်သူကိုကြည့်ပြီးစိတ်မောရသည်..

"ခမ် ဟိုမှာမောင့်ဆိုင်ကယ်ရှိနေတယ်။ဒါဆိုမောင်ကအိမ်ထဲမှာရှိတယ် မောင်..မောင်.."

လွန်းစိတ်ထဲမွန်းကြပ်ရသည်။မောင်ကလွန်းကိုမှလာမှထွက်မတွေ့တာလေ။ဖုန်းကိုဆက်တော့လည်းဝင်တယ်။မောင်ကမကိုင်ပေ။နောက်ဆုံးစက်ပါပိတ်လိုက်သည်..

"မောင်.."

"တော်တော့ လွန်း.."

"မောင်အိမ်မှာရှိတာငါသိတယ်။ငါဖုန်းဆက်တာလည်းမကိုင်ဘူး။ပြန်လည်းမဆက်ဘူး။ဒေါက်တာနဲ့ပြောတာတွေကြားသွားတာသေချာတယ်..ဟင့်။"

"လွန်းငါတို့ခဏလောက်အိမ်ပြန်ရအောင်နော်။သူ့ကိုအချိန်ပေးလိုက်ပါ။နောက်တော့သူစိတ်အဆင်ပြေရင်နင့်ကိုသူဆက်သွယ်မှာပါ..ခုတော့ပြန်ရအောင်နော်.."

"အင်းပါ.."

အသံတိတ်သွားပုံထောက်ရင်တီလွန်းပြန်သွားပြီဆိုတာမောင်သိသည်။ဖုန်းခေါ်တာကိုလည်းတွေ့တယ်။မကိုင်ချင်ဘူး။ခုချိန်မှာမောင်စိတ်ထဲရှုပ်ထွေးနေတာဘဲသိတယ်။ဒါကြောင့်အခန်းကိုဘဲပြန်တက်လာလိုက်သည်။အခန်းထဲရောက်တော့လည်းတီလွန်းပြောခ့ဲတာတွေဘဲကြားနေတယ်။ပေးခ့ဲတ့ဲပန်းစည်းကိုကြည့်ပြီးယူကာပစ်ထုတ်မိတယ်။ပြီးတော့ကုတင်ခေါင်းရင်းကဗီနိုင်းပန်းချီကိုယူပြီးဖျက်စီးဖို့လုပ်တော့မလုပ်နိုင်ဘူး။လက်တွေကရပ်တန့်ကာမွေ့ယာပေါ်အသာချပြီးလူကပါလှဲချလိုက်မိတယ်။ပုံလေးကိုလက်လေးတွေနဲ့ဖွဖွလေးကိုင်ကာမျက်ရည်တွေကပိုကျလာတယ်။ဘာလို့မောင့်ကိုမှရက်စက်ရတာလဲလို့မေးချင်ပါရဲ့ တီလွန်းရယ်။မောင်တကယ်ချစ်မြတ်နိုးသွားမိတာမှားလေသလား..

အခ်စ္ကစားပြဲWhere stories live. Discover now