The End(Unicode)

3.2K 133 8
                                    

ဒီနေ့ကမောင့်အသုဘနေ့လေး။နာကျင်စရာတော့ကောင်းတယ်။မောင်ကလွန်းကိုသူသိပ်ချစ်တ့ဲအကြောင်းဘဲပြောပြသွားတာ လွန်းကိုတော့သိပ်ချစ်တက်ကြောင်းအတူတူရှိပေးပြီးမချစ်ပြသွားဘူး။မောင်ကသိပ်မုန်းစရာကောင်းတယ်။လွန်းနဲ့ကလေးကိုအသက်ပေးပြီးကာကွယ်သွားတာ မောင့်ကိုလေထုရိုက်ပြီးဒေါသတစ်ကြီးနဲ့ပြောချင်လိုက်တယ်။လွန်းသူ့ကိုသိပ်ချစ်မိသွားတ့ဲအကြောင်းတွေပေါ့။

"မောင် မင်းကတို့နဲ့ကလေးအနားမှာရှိနေတာကိုတို့သိတယ်။မင်းကိုလည်းတို့အနားမှာတစ်သက်လုံးနေသွားစေချင်တယ်။ဒါပေမ့ဲမင်းတို့ကိုစိတ်ပူနေတာမျိုးလည်းမဖြစ်စေချင်ပြန်ဘူး။တို့မင်းကိုကောင်းတ့ဲနိဗ္ဗာန်ဘုံမှာရှိစေချင်တယ် အဟင့်။"

မောင်ကလေ သိပ်ဆိုးတာဘဲ။လွန်းပြောသမျှကိုဓာတ်ပုံထဲကနေပြုံးပြုံးကြီးကြည့်ပြီးနားထောင်နေတယ်။အ့ဲလိုကျတော့မောင်ကသိပ်မုန်းစရာကောင်းနေပြန်ရောဘဲ။

"မောင် တို့ကိုစိတ်မပူနဲ့နော်။တို့ကထက်မြက်ပြီးသားဆိုတာမင်းသိတယ်မလား။ပြီးတော့ တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းကကစားပွဲ မဟုတ်ပါဘူး ကံတရားကြောင့်ပါ။ကစားပွဲကမင်းကိုနှလုံးသားတစ်ခုလုံးနဲ့ချစ်လာအောင်အလုပ်နိုင်တာကြောင့်ပါ ဟင့်။နောက်ပြီး မင်းမရှိတော့ရင်တောင်မှကလေးကိုမင်းဘယ်လောက်ချစ်ကြောင်းတို့ပြောပြပါ့မယ်။"

မောင့်ကိုသဂြိုလ်ပြီးတော့ခေတ်ရောက်လာသည်။ခေတ်ပုံကြည့်ရတာအရမ်းကြကွဲပြီးငိုင်တိုင်တိုင်ဖြစ်နေတယ်။မောင့်ကိုဆုံးရှုံးရလို့သူဝမ်းနည်းနေမှာလွန်းသိတယ်။မောင့်ကိုချစ်လွန်းလို့တစ်ခုပြီးတစ်ခုအမှားလုပ်ရာကနေဆုံးရှုံးလိုက်ရတာကိုး သူ့အပြစ်လို့သူထင်နေပုံရသည်။

"မောင် အမေလေမောင့်ကိုလာမနှုတ်ဆက်ချင်ပါဘူး။မောင့်ကိုမင်းအဘွားဆီမှာထားသွားတုန်းကလို ဒီနေ့လည်းမထူးခြားစွာအမေနာကျင်ရပါတယ်။"

"ခေတ်.."

"ခေတ်တောင်းပန်ပါတယ်နော် အဘွား။"

"မောင့်ကိုသေချာနှုတ်ဆက်လိုက်ကွယ်။"

"မောင် အမေလေမောင့်ကိုမနှုတ်ဆက်ချင်ဘူး။အမေလည်းမောင်နဲ့အတူလာနေမယ်။"

အခ်စ္ကစားပြဲWhere stories live. Discover now