Part-10(Unicode)

1.2K 88 17
                                    

ညကဒေါက်တာကလွန်းနောက်လိုက်လာကာခမ်အိမ်မှာဘဲအိပ်သွားသည်။ဒီမနက်သုံးယောက်စလုံးdutyရှိတာမို့ဆေးရုံသွားဖို့မနက်စာစားကြသည်..

"ဒေါက်တာကလွန်းအနောက်လိုက်လာတ့ဲအထိတောင်စိတ်မချဖြစ်နေတာလား.."

"ခမ်.."

"ပြောလို့မရဘူးလားဟင်.."

"လွန်း.."

"ပြောလေ..ဒေါက်တာ"

"ကျွန်တော်အလုပ်နားလိုက်ရင်လည်းကျွန်တော့်ကိုပစ်မသွားလို့ရမလား.."

"ဘာဖြစ်လို့မေးတာလဲ။ဒေါက်တာ.."

"ကျွန်တော်လွန်းကိုလိုအပ်တာသိတယ်မလားဟင်.."

"လွန်းနဲ့သူငယ်ချင်းမို့ဝင်ပြောခွင့်ပြုပါနော်။လွန်းကလေဒေါက်တာကဒေါက်တာမဟုတ်တော့ရင်တောင်ချစ်နေမ့ဲမိန်းမမျိုးပါ.."

"ခမ်.."

"ဒေါက်တာပြောတာကသူဒေါက်တာမဟုတ်တော့ရင်ပစ်သွားမှာလားဆိုတ့ဲသဘောနဲ့ပြောနေတာလေနင်သဘောမပေါက်ဘူးလား။ဒီမှာဒေါက်တာ လွန်းကလေခေတ်မဟုတ်ဘူး.."

ခမ်ကဒေါက်တာကိုပြောပြီးတာနဲ့မနက်စာစားထားတ့ဲပန်းကန်ကိုယူကာထထွက်သွားတော့သည်။..

"ဟုတ်တယ်။ခမ်ပြောတာမှန်တယ်ဒေါက်တာ..လွန်းကဒေါက်တာ့ကိုဆရာဝန်ဖြစ်တာကြောင့်လက်ထပ်ခ့ဲတာမဟုတ်ဘူး။ချစ်လို့လက်ထပ်ခ့ဲတာပါ.."

"ကျွန်တော်သိပါပြီ.."

"ဒေါက်တာကဘယ်လိုအတွေးနဲ့မေးလဲဆိုတာလွန်းမသိပေမ့ဲလည်းပေါ့.."

"ကျွန်တော်တောင်းပန်ပါတယ်.."

"ထားလိုက်ပါ..ဆေးရုံသွားရအောင်.."

လွန်းတို့လည်းမနက်စာစားပြီးတော့အိမ်အပြင်ဘက်ထွက်လာချိန်ဒေါက်တာဆီကဖုန်းသံကြားလိုက်ရသည်။ခေတ်ဆီကဆိုတာလွန်းသိပါ၏။..

ဖုန်းပြောပြီးတော့ဒေါက်တာမျက်နှာညိုးငယ်နေတာမို့လွန်းစကားစလိုက်မိသည်..

"ဘာဖြစ်လို့လဲ..ဒေါက်တာ"

"ခေတ်ကဆေးရုံအုပ်နဲ့တိုင်မယ်ဆိုပြီးခြိမ်းခြောက်လာလို့လေ.."

အခ်စ္ကစားပြဲWhere stories live. Discover now