Part-11(Unicode)

1.3K 113 8
                                    

ဒီမနက်ဆေးရုံသွားပြီးတာနဲ့ခေတ်ကိုတစ်ခါတည်းကြိုလာကာအတူတူခေါ်လာခ့ဲလိုက်သည်။..

"လွန်း..ကျွန်တော်နဲ့တူတူအိမ်မှာလာပြန်နေပေးတာကျေးဇူးတင်ပါတယ်နော်.."

"ဒေါက်တာရှင့်.."

"ခေတ်.."

"လွန်းကခေတ်ကိုခေါ်လာတာပါ။.."

"ဘာဖြစ်လို့လဲ.."

"နောက်ဆိုခေတ်ကဒီအိမ်မှာနေတော့မှာလေ။.."

"ဘယ်သူကနေရမယ်မနေရဘူးဆိုတာနင်ကဘာဆုံးဖြတ်ပိုင်ခွင့်ရှိလို့လဲ။ဒီနေရာကငါ့အိမ်.."

"အိမ်ကအမေ့အိမ်ဆိုပေမ့ဲခေတ်လည်းနေခွင့်ရှိတယ်။ဘာလို့လဲဆိုတော့ခေတ်ဗိုက်ထဲမှာဒေါက်တာနဲ့ရတ့ဲကလေးရှိနေလို့လေ.."

"ဘာပြောလိုက်တယ်!.."

ဒေါက်တာကအ့ံသြသလိုလေးနဲ့ထိတ်လန့်မှုတွေပေါင်းစပ်ထားတ့ဲအကြည့်တွေနဲ့ကြည့်လာသည်..

"ခေတ်မှာဒေါက်တာနဲ့ရတ့ဲကိုယ်ဝန်ရှိနေပြီ.."

"လွန်းနင်ဘာလို့လာကစားနေတာလဲ.."

"လွန်းကစားနေတာမဟုတ်ဘူး အမေ.."

"ဘာလဲနင်ဖောက်ပြန်တ့ဲဓာတ်ပုံကိုတင်လိုက်လို့နင်ကခေတ်နဲ့ပေါင်းပြီးခုလိုလာလုပ်တာလား.."

"အမေ ဘာလုပ်လိုက်တာလဲ.."

ဒေါက်တာကနားထောင်နေရင်းကနေသူ့အမေကိုမေးလာသည်။အမေကခုမှသူ့စကားမှားကြောင်းသိပြီးလန့်နေတာမို့လွန်းဝင်ဖြေလိုက်သည်..

"အမေကဆေးရုံရဲ့သတင်းတင်တ့ဲနေရာမှာလွန်းနဲ့ဟိုကလေးနမ်းနေတ့ဲပုံကိုတင်လိုက်တာလေ.."

"အမေ ဘာလို့အ့ဲလိုလုပ်ရတာလဲ!.."

"သားအတွက်လုပ်တာလေ။သူဖောက်ပြန်နေတာကိုသားကဘာလို့သည်းခံနေမှာလဲ။ရှေ့နေလည်းခေါ်ထားပြီးပြီမို့ကွာရှင်းလိုက်ပါ.."

"မကွာရှင်းဘူး!.."

"ဒေါက်တာ..ဘယ်လိုဖြစ်ဖြစ်ကွာရှင်းရမှာဘဲလေ.."

"ခေတ်..ကျွန်တော်တို့ပြောထားတာရှိတယ်လေ။.."

"အ့ဲဒါကကိုယ်ဝန်မရှိတုန်းကလေ။ခုက ကလေးရှိနေပြီ။ဒေါက်တာက ကလေးမလိုချင်လို့လား.."

အခ်စ္ကစားပြဲWhere stories live. Discover now