Part-7(Unicode)

1.1K 97 19
                                    

မောင်ထွက်သွားတော့အဘွားနဲ့စကားသေချာပြောခ့ဲရသည်..

"အဘွားနှလုံးရောဂါဖြစ်နေတာမောင်မသိသေးဘူးမလား.."

"မသိသေးဘူး..မောင့်ကိုမပြောဖို့အဘွားတောင်းဆိုတယ်နော်.."

"လွန်းအနေနဲ့တော့ပြောပြသင့်တယ်ထင်ပါတယ်။ဒါမှမောင်ကအဘွားကိုဂရုစိုက်ပေးနိုင်မှာလေ.."

"အဘွားကိုယ့်ဘာသာဂရုစိုက်နိုင်ပါတယ်.."

"အဘွားရေ.."

"သမီး..သမီးကမောင်နဲ့ဘယ်လိုလုပ်ပြီးသိခ့ဲတာလဲ.."

"လွန်းdutyကျတ့ဲနေ့မှာမောင်ကမတော်တဆဖြစ်ခ့ဲတာပါ။ဒါပေမ့ဲသူကအရမ်းခေါင်းမာပြီးအနာကိုဆေးထည့်မခံဘူး။အ့ဲကနေစပြီးလွန်းတို့သိခ့ဲကြတာပါ.."

"အဘွားကသမီးကိုမောင့်အိမ်မှာတွေ့ခ့ဲတာပါ။သိရုံလောက်နဲ့မဟုတ်ဘူးလို့အဘွားထင်ပါတယ်.."

"အဘွား..အ့ဲဒါကနားလည်မှုလွဲတ့ဲကိစ္စပါ.."

"သမီး..မောင်ကသမီးကိုဘယ်လိုအကြောင်းရင်းနဲ့ဖြစ်ဖြစ်အိမ်ခေါ်သွားပါစေ။အ့ဲဒါကသာမန်ကိစ္စမဟုတ်ဘူးလို့ဆိုလိုတာဘဲ.."

"အဘွား..အ့ဲဒါက.."

"သမီး.."

အဘွားကလွန်းပြောတာနားမထောင်ဘဲမြင်ခ့ဲတာတွေကိုဘဲဇွတ်ပြောလာသည်။..

"မောင်နဲ့သိတာကြာပြီလား..သမီး"

"မကြာသေးပါဘူး.."

"မောင်ကသူ့မိဘအကြောင်းတွေရောပြောပြဖူးလား။မောင်လေးဘဝကသနားစရာပါလေ။မိဘတွေရှိပေမ့ဲလည်းမရှိသလိုဘဲမိဘတွေကမကျွေးမွေးတော့အဘွားကဘဲကျွေးမွေးလာတာပါ။အဘွားမောင်လေးကိုဘယ်လောက်ဘဲချစ်ပါစေမိဘဆီကအချစ်နဲ့တော့မတူဘူးလေ။အဘွားခုလိုပြောပြတာကသမီးကိုနားလည်စေချင်တယ်။အဘွားရောဂါဖြစ်တာမောင့်ကိုမသိစေချင်တာကမောင့်မှာဘယ်သူမှမကျန်တော့တာမို့သူ့ကိုမကြောက်နေစေချင်လို့ပါကွယ်.."

"ဒါပေမ့ဲ.."

"သမီး..မောင့်မှာဘယ်သူမှမကျန်တော့ဘူး။သူငယ်ချင်းတောင်မရှိဘူး။သူကတစ်ယောက်တည်းနေရတာကြိုက်တော့တစ်ခြားလူတွေကမတွဲချင်ဘူးလို့လူတွေကထင်ပြီးအထင်လွဲနေတာ။တကယ်တော့တစ်ယောက်တည်းနေတယ်ဆိုတာကမောင်လေးကဘယ်သူ့ကိုမှမရှာတက်လို့ပါကွယ်။အချစ်မခံရဖူးတော့လူတစ်ယောက်ကိုဘယ်လိုချစ်ပေးရမှန်းမသိနေတာပါ.."

အခ်စ္ကစားပြဲWhere stories live. Discover now