Part-5(Unicode)

1.4K 100 9
                                    

မောင်အိမ်ပေါ်ထပ်အခန်းကနေဆင်းလာတော့အဘွားကအိမ်ရောက်နေပြန်သည်လက်ထဲမှာလည်းအကျႌတစ်ထည်ကိုင်ထားပြီးစိုးရိမ်တစ်ကြီးကြည့်လာသည်..

"အဘွား.."

"အကျႌမှာသွေးတွေနဲ့ခြေတောက်ရာတွေတွေ့တယ်..ဘယ်သူနဲ့ကိုက်လာပြန်တာလဲ.."

"အဘွားကလည်းမဟုတ်ပါဘူး..ဒါနဲ့အဘွားဘာလာလုပ်တာလဲဟင်.."

"မနေ့ကအိမ်မှာတွေ့သွားတ့ဲအမျိုးသမီးအကြောင်းလာမေးတာ.."

"အဘွားမနက်စာစားပြီးပြီလား..မစားရသေးရင်ပေါင်မုန့်ကြက်ဥကြော်လုပ်ပေးမယ်လေ"

အဘွားအမေးကိုစကားလွှဲပြီးမီးဖိုထဲဝင်တော့အဘွားလည်းလိုက်ဝင်လာပြန်သည်..

"မောင်..အဘွားအ့ဲဒါမစားဘူး.."

"ဒါဆိုကော်ဖီသောက်မလား.."

"ကော်ဖီလည်းမသောက်ဘူး..မနေ့ကအမျိုးသမီးကဘယ်သူလဲဘဲပြော..မောင်.."

မောင်အိမ်ပေါ်ထပ်တက်တော့လည်းအဘွားကခေါ်နေရင်းအနောက်ကလိုက်လာပြန်သည်..

"မောင်..အဘွားမေးနေတယ်လေ..သူမကဘယ်သူလဲလို့..မောင့်သူငယ်ချင်းရဲ့အမေလို့တော့မပြောနဲ့နော်.."

"အဘွားအ့ဲလိုပြောနေတာသူမကြားရင်စိတ်ဆင်းရဲပြီးသေ သွားလိမ့်မယ်..သူမမျက်နှာကငယ်ပါသေးတယ်.."

"သူမမျက်နှာကငယ်တယ်ဆိုတာမှန်ပေမ့ဲဘယ်လိုကြည့်ကြည့်မောင့်ထက်အသက်ကြီးပါတယ်..ဒါဆိုသူမကဘယ်သူလဲ.."

"အဘွားမောင်​ရေချိုးဦးမယ်နော်.."

"မောင်..နေဦး.."

ရေချိုးခန်းထဲဝင်တော့လည်းအဘွားကအဝကြီးမှပိတ်ရပ်နေပြန်သည်မို့မောင်ပြေးလို့မလွတ်တော့တာအမှန်ပေ။

"အဘွား..ရေချိုးခန်းထဲထိလိုက်ဝင်မှာလား.."

"မောင်မဖြေမချင်းအဘွားမသွားဘူး..ဒီလိုဘဲရပ်နေမှာ.."

"ဒါဆိုမောင်ရေဘယ်လိုချိုးလို့ရတော့မလဲ.."

"မချိုးနဲ့ပေါ့.."

"အဘွား.."

"လာပါဦးကွယ်..လာလာ..ဒီမှာထိုင်.."

အဘွားကရေချိုးခန်းကနေခေါ်ပြီးအခန်းထဲကဆိုဖာမှာဝင်ထိုင်ခိုင်းကာလူကိုသေချာကြည့်ပြီးစစ်မေးတော့သည်..

အခ်စ္ကစားပြဲWaar verhalen tot leven komen. Ontdek het nu