Part-17(Unicode)

1.1K 78 13
                                    

မောင်တစ်နေ့လုံးလိုက်သွားပြီးညကျတော့အဘွားတို့အိမ်ရှေ့မှာသွားထိုင်အိပ်နေလိုက်သည်။မနက်မိုးလင်းလို့အဘွားအပြင်ထွက်လာတော့မှမောင့်ကိုတွေ့တော့သည်..

"မောင်လေး။အ့ဲမှာဘာလုပ်နေတာလဲ။ထလေ.."

"အဘွား ဟင့်.."

"ဘာဖြစ်လာတာလဲ။အဘွားကိုပြောပါဦး.."

"မောင့်ကိုလေဘယ်သူမှတကယ်မချစ်ကြဘူး ဟင့်.."

"အဘွားကချစ်တယ်လေ မောင်လေး.."

"အဘွားအပြင်ဘယ်သူမှတကယ်မချစ်ကြဘူးလေ အဘွားရယ်.."

"လာပါဦးကွယ်.."

အဘွားရင်ခွင်ထဲဝင်ပြီးငိုနေမိတယ်။အဘွားကမောင့်ကိုထွေးပွေ့ရင်းနှစ်သိမ့်ပေးရှာသည်..

"လွန်း နင်နည်းနည်းလောက်အိပ်လိုက်ပါလားဟင်။ညကတည်းကအ့ဲအပုံတွေကိုထိုင်ကပ်နေတာငါတွေ့တယ်နော်။ဒီနေ့လယ်လည်းdutyရှိတယ်လေ။တော်ပါတော့ လွန်း.."

လွန်းလက်ထဲကနေခမ်ကတိတ်ခွေကိုလုယူလိုက်သည်..

"နင်ဘယ်လောက်ဘဲကပ်နေပါစေ။အပုံကအရင်လိုပြန်မဖြစ်တော့ဘူးဆိုတာနင်မြင်တယ်မလား လွန်း.."

"ငါလည်းဒီမှာကြိုးစားနေတာဘဲ ဟင့်.."

"ဘယ်လိုဘဲကပ်ကပ်အရင်လိုပြန်မဖြစ်တော့ဘူး။ပျက်စီးသွားပြီ။နင်နဲ့အ့ဲကလေးကလည်းပြီးဆုံးသွားပါပြီ လွန်း.."

"ဟင့်..အဟင့်..ခမ်"

"အမှန်တရားကိုနင်မြန်မြန်လက်ခံလေ။နင်မြန်မြန်စိတ်ဖြေနိုင်လေဘဲ လွန်း.."

"ဟင့် မောင့်ကိုပါထည့်ပြီးဆက်နွယ်လိုက်တာကိုကငါ့အမှားပါ.."

"နင်နဲ့အ့ဲကလေးကအချစ်မဟုတ်တာလည်းဖြစ်နိုင်တာဘဲလေ။အ့ဲကလေးကနင့်မှာဘယ်သူမှမရှိချိန်မှာဝင်လာတာမို့ပါ.."

"အချစ်ဟုတ်တယ်ဆိုရင်ရော ခမ်.."

"ပြီးဆုံးသွားပြီလေ လွန်း။နင့်ကိုယ်နင်နဲ့အ့ဲကလေးကိုပါဒုက္ခမရောက်စေချင်ရင်ရပ်လိုက်ပါတော့နော်.."

"ဟင့် အဟင့်.."

"ဒေါက်တာကနင့်ကိုစိတ်ပူနေတယ်။ငါ့ကိုတစ်ညလုံးဖုန်းဆက်ပြီးနင်အဆင်ပြေလားလို့မေးနေတယ်.."

အခ်စ္ကစားပြဲWhere stories live. Discover now