Part-12(Unicode)

1.4K 102 23
                                    

"သား ဘာလို့ဒီမှာအိပ်နေတာလဲ..ထ.."

"အမေ ကျွန်တော့်ကိုလွှတ်ထားလိုက်ပါ။တစ်ယောက်တည်းနေပါရစေ.."

"ဒေါက်တာခုလိုဖြစ်နေပုံကလွန်းကိုရှာမတွေ့ခ့ဲတာလား။ဒါမှမဟုတ်ပြန်မလိုက်လာလို့လား.."

"မင်းတော်တော့။လွန်းကကျွန်တော့်ကိုပစ်သွားမှာမဟုတ်ဘူး.."

"သူသာဒေါက်တာ့ကိုစိတ်ရှိသေးရင်ခေတ်ကိုဒီအိမ်ပြန်ခေါ်လာပြီးဒေါက်တာ့လက်ထဲအပ်ပါ့မလား.."

"အ့ဲဒါကမင်းကလေးကိစ္စနဲ့အကျပ်ကိုင်လို့လေ.."

"သား မင်းမိန်းမကောင်းတယ်ဘဲထင်မနေနဲ့။သူများပြောတာလည်းနားထောင်ဦး.."

"ကျွန်တော်မကြားချင်ဘူး။ကျွန်တော်လွန်းကိုချစ်တယ်။မကွာရှင်းနိုင်ဘူး!!။.."

"ဘာလို့မကွာရှင်းနိုင်ရတာလဲ။သူဖောက်ပြန်နေတာကိုသိနေတာတောင်မှလား.."

"အမေ ကျွန်တော့်ကိုဖိအားမပေးပါနဲ့။လွန်းနဲ့ကျွန်တော်အခုလိုဖြစ်ရတာအမေ့ကြောင့်ဘဲ။.."

"ခုအမေကိုပြန်ပြောနေတာလား.."

"ကျွန်တော်ပြောတာမှားလို့လား။လွန်းနဲ့စတွဲတ့ဲအချိန်ကနေယူတ့ဲအထိ အမေလွန်းကိုအမြဲပြသနာရှာတယ်မလား။လွန်းလုပ်ပေးနေတာတွေကအမြဲမှားနေတယ်!။အားလုံးကအမေ့ကြောင့်ဘဲ!!။ကျွန်တော့်ဘာသာကြိုက်တာလုပ်မယ်။အမေလာမထိန်းချုပ်ပါနဲ့တော့!!.."

"သား..သား.."

ဒေါက်တာကကားကိုအရှိန်နဲ့မောင်းကာထွက်သွားတော့သည်။ခေတ်မှာတားခွင့်မရှိဘူး။ခေတ်ကဘဲဒေါက်တာ့ကိုလိုအပ်နေတာဒေါက်တာကခေတ်ကိုမလိုအပ်ဘူး။ဒါကြောင့်တားခွင့်မရှိဘူး..

လွန်းစောင်အထူကြီးအောက်မှာအိပ်နေချိန်အခန်းထဲဝင်လာတ့ဲနေရောင်ကြောင့်လူကခေါင်းနည်းနည်းကိုက်ပြီးနိုးလာသည်မို့ထလိုက်ချိန်ကိုယ်ပေါ်မှာအဝတ်အစားမရှိတော့တာကိုသတိထားမိလိုက်သည်။ချက်ချင်းစောင်ကိုရင်ဘတ်ပေါ်ဆွဲတင်လိုက်ကာညကကိစ္စတွေကိုပြန်တွေးမိသည်..

"ဟာ..မဖြစ်နိုင်ပါဘူး။အရင်တစ်ခေါက်လိုဘဲဖြစ်ရမယ်လေ.."

စိတ်ပူစွာနဲ့မောင်ချထားပေးတ့ဲကုတင်ခြေရင်းကအိမ်နေရင်းဝတ်စုံကိုယူဝတ်ကာရေချိုးခန်းထဲဝင်သွားလိုက်သည်..

အခ်စ္ကစားပြဲWhere stories live. Discover now