Part-21(Unicode)

1.6K 105 28
                                    

လွန်းကိုယ်ဝန်ရှိတော့အလုပ်မသွားရဘဲခွင့်ရက်ရထားတာမို့အိမ်မှာနေပြီးသစ်သီးလေးခွဲနေချိန်နံပါတ်စိမ်းတစ်ခုနဲ့ဖုန်းဝင်လာတော့သည်။

"ဟဲလို.."

"ဟဲလို သူနာပြုဒေါ်လွန်းရှိန်ဝါလား။"

"ဟုတ်ပါတယ်.."

"ဆရာမ အဘွားကအရမ်းနေမကောင်းဖြစ်နေလို့လာကြည့်ပေးလို့ရမလား။အဘွားကဒေါက်တာနဲ့မပြချင်လို့တ့ဲ ဆရာမကိုဘဲလာကြည့်ပေးစေချင်တယ်လို့ပြောနေတယ်။"

"အဘွားကအခုဘယ်မှာလဲ။"

"ဟို ပဲခူးဘက်ကအိမ်မှာပါ။"

"ဟုတ်ပြီ ကားလွှတ်ပြီးလာကြိုခိုင်းလိုက်နော်။"

"ဟုတ်က့ဲ"

အဘွားနဲ့မောင့်ရဲ့စီစဉ်မှုကြောင့်အိမ်ကအလုပ်သမားလေးတွေတောင်အငြိမ်မနေရပေ။

"အမယ် နင်အရမ်းတော်တာဘဲ။ငါ့မှာပဲခူးဘက်ကအိမ်မှမရှိတာချည်းကို။"

"အဘွားကလည်းသမီးတို့အမျိုးကိုဖုန်းဆက်ပြောထားလိုက်ပါ့မယ်။"

"ဒါဆိုလည်းမြန်မြန်သွားဆက်လိုက်တော့။"

"ဟုတ်က့ဲ"

လွန်း အဘွားကိုသွားကြည့်ရမှာမို့လိုအပ်တာတွေယူပြီးဒေါက်တာ့ဆီကိုဖုန်းဆက်လိုက်သည်။

"ဟဲလို ဒေါက်တာ။လွန်း ပဲခူးခဏဆင်းမလို့။"

"ပဲခူးသွားမလို့လား။"

"ဟုတ်တယ် လူနာကဒေါက်တာတွေနဲ့မပြချင်လို့တ့ဲ လွန်းကိုလာကြည့်ပေးပါဆိုပြီးပြောလို့။လွန်းပြီးတာနဲ့မြန်မြန်ပြန်လာခ့ဲပါ့မယ်။"

"လွန်း မြန်မြန်မပြန်လာနိုင်လည်းရပါတယ်။ကျွန်တော်နားလည်ပါတယ်။လူနာကိုဘဲဂရုစိုက်လိုက်ပါ။"

"ဟုတ်က့ဲ ဒါဆိုလွန်းသွားတော့မယ်နော်။"

"ဟုတ်ပါပြီ။"

ဒေါက်တာနဲ့ဖုန်းပြောပြီးတော့ကားလာကြိုတာမို့ကားပေါ်တက်ပြီးအဘွားရှိတ့ဲအိမ်ကိုလိုက်လာလိုက်သည်။လမ်းတစ်လျှောက်လုံးလည်းအဘွားအခြေအနေကိုဖုန်းဆက်မေးနေခ့ဲရသည်။

အခ်စ္ကစားပြဲWhere stories live. Discover now