Part-4(Unicode)

1.3K 109 10
                                    

မနက်ခင်းကိုခေါင်းတွေမူးနောက်ပြီးနိုးလာတာမို့အခန်းကိုဝေ့ကြည့်တော့ကျွန်မအခန်းမဟုတ်တာမို့လန့်သွားကာထထိုင်လိုက်ရင်းကြည့်နေတုန်းအပြင်ကနေဟိုကလေးဖုန်းပြောသံကြားတာမို့ကိုယ်ကိုပြန်ကြည့်တော့ဝတ်လာတ့ဲအဝတ်အစားမဟုတ်တော့ဘဲအကျႌလက်ရှည်အဖြူ ဖြစ်နေတာမို့ပိုပြီးလန့်သွားမိသည်။

"အတွင်းခံဘောင်းဘီတစ်ခုဘဲကျန်တော့တယ်..အား!"

မောင် ကြူ နဲ့ဖုန်းပြောနေတုန်းအခန်းထဲကအသံကြားတာမို့ဖုန်းချကာအခန်းထဲဝင်လာတော့နိုးနေတ့ဲသူမကခေါင်းအုံးတွေနဲ့ပစ်ပေါက်လာသည်။..

"အရူးကလေး..မင်းတို့ကိုဘာဖြစ်လို့ခုလိုမျိုးလုပ်ရဲရတာလဲ..ဘာဖြစ်လို့ဒီလိုလုပ်တာလဲ.."

"ခဏလေး..ခဏလေးနေဦး.."

"တို့မင်းကိုရဲနဲ့တိုင်ပြီးထောင်ထဲထည့်မယ်.."

မောင်ပြောပြတာကိုနားမထောင်ဘဲပြောချင်ရာပြောပြီးပစ္စည်းတွေနဲ့ပေါက်နေရင်းကနေစားပွဲပေါ်မှာတင်ထားတ့ဲသံထည်ပစ္စည်းနဲ့ပစ်ဖို့လုပ်နေတာမို့အမြန်လုယူလိုက်ရသည်။..

"ဆရာမပေါက်လိုက်လို့မောင်ခေါင်းကွဲသွားရင်ရဲဖမ်းမ့ဲသူကဆရာမပဲ.."

"တို့ကဘယ်လိုလုပ်ပြီးအဖမ်းခံရမှာလဲ..မင်းက.."

လွန်းပြောလက်စ စကားကိုရပ်လိုက်တော့သူကလွန်းကိုကြည့်လာသည်မို့စောင်ကိုပြန်ဆွဲယူကာအမြန်ဖုံးလိုက်တော့သူကပြုံးနေသည်။..

"ဆရာမဘာပြောမလို့လဲ..ဆက်ပြောလေ.."

"တို့ကဘယ်လိုလုပ်ပြီးအဖမ်းခံရမှာလဲကိုယ့်ကိုယ်ကိုယ်ကာကွယ်တာလေ.."

"ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာလား၁၈နှစ်ကလေးဆီကနေလေ..ဒါမှမဟုတ်မောင်က၁၇နှစ်များလား..ဆရာမရဲတိုင်မယ်ဆိုရင်လည်းသတိထားလေကလေးကိုဖြားယောင်းမှုနဲ့အဖမ်းခံရမှာကဆရာမပဲ.."

"ရူးနေလား..တို့ကမင်းအခန်းမှာရှိနေတာလေပြီးတော့မင်းအဝတ်အစားကတို့ခန္ဓာကိုယ်ပေါ်မှာလေဘယ်သူကဘယ်သူ့ကိုအရင်လုပ်တာလဲ.."

"ညကဘယ်သူအရင်စလဲဆိုတာမေ့နေပြီလား.."

ညကအကြောင်းတွေကိုမှတ်ဉာဏ်လေးထဲကနေသိသလောက်လေးစဉ်းစားမိတော့..အား!..လွန်းသူ့ကိုအရင်နမ်းခ့ဲတာဘဲပြီးတော့ပြောလိုက်သေးတယ်*တို့နဲ့အိပ်ပါနော်*တ့ဲ..သေစမ်း!..လွန်းရှိန်ဝါရယ်နင်ဘယ်လိုတောင်အရှက်မရှိရတာလဲဟာ..

အခ်စ္ကစားပြဲDove le storie prendono vita. Scoprilo ora