Part-13(Unicode)

1.3K 103 6
                                    

နောက်တစ်နေ့ဆေးရုံမှာdutyပြီးလို့ပြန်ချိန်မှမောင့်အဘွားကိုသွားကြည့်ဖို့သတိရတော့သည်..

"ခမ်..ငါတို့မပြန်ခင်မောင့်အဘွားကိုခဏဝင်ကြည့်ရအောင်.."

"အင်း။ခဏလေး အဘွားဆီမသွားခင်ငါတို့ဘုန်းကြီးကျောင်းခဏသွားကြမလား.."

"ဘာဖြစ်လို့လဲ.."

"နင်ကံအတော်ညံ့နေလို့လေ။ငါခဏကသူနာပြုတွေနဲ့စကားပြောနေချိန်လူချမ်းသာတွေရဲ့သတင်းတွေတက်လာလို့ကြည့်နေတာလေ။အ့ဲဒါဒေါက်တာနဲ့တစ်ခြားမိန်းကလေးတစ်ယောက်ဟိုတယ်နေတ့ဲအကြောင်းတက်လာတယ်.."

ခမ့်စကားကိုကြားတော့အ့ံသြရုံလောက်ဘဲဖြစ်မိတယ်။ဝမ်းမနည်းဘူး။ခေတ်အတွက်သာစိတ်မကောင်းဖြစ်တယ်။လွန်းကဒေါက်တာ့ကိုမှမချစ်တော့ဘဲ။ဒေါက်တာ့ဇနီးလည်းမဟုတ်တော့ဘူးလေ။ဒါကြောင့်ဝမ်းနည်းစရာမရှိဘူးလို့ထင်သည်..

"လွန်းနင်အဆင်ပြေရဲ့လား.."

"ပြေတယ်။ခုတော့အဘွားဆီသွားရအောင်.."

"ဘုန်းကြီးကျောင်းမသွားဘူးလားဟင်.."

"အဓိပ္ပါယ်မရှိတာ။ငါဘာမှမဖြစ်ဘူး။အဘွားဆီဘဲသွားမယ်.."

ခမ်နဲ့အတူမောင့်အဘွားရှိတ့ဲဆေးရုံအပေါ်ဆုံးအထပ်ဖြစ်တ့ဲအရေးပေါ်ဆောင်ကိုတက်လာခ့ဲကြသည်။အပေါ်ထပ်ရောက်ခါနီးလှေကားမှာဒေါက်တာနဲ့ဆုံတော့သည်..

"လွန်း..ငါဧည့်ခန်းနေရာမှာစောင့်နေမယ်.."

"အင်း.."

ခမ်ကအလိုက်တသိလေးရှောင်ပေးသည်..

"ဒေါက်တာ လွန်းနဲ့ပြောစရာရှိလို့လား.."

"ကျွန်တော်နဲ့ဟိုကောင်မလေးဟိုတယ်တက်တ့ဲပုံမြင်ပြီးပြီလားဟင်.."

"မမြင်ရသေးပါဘူး။ဒါပေမ့ဲခမ်ပြောပြတယ်.."

"ကျွန်တော်လေ လွန်းအပေါ်မှာဖောက်ပြန်ခ့ဲတာမှန်ပါတယ်။အ့ဲဒါကခေတ်တစ်ယောက်တည်းပါဘဲ။မင်းနားလည်ပေးပါနော်.."

"ဒေါက်တာ.."

"ညကမင်းကိုရှာမတွေ့လို့ကျွန်တော်မူးအောင်သောက်မိခ့ဲတယ်။ဒါပေမ့ဲအ့ဲကောင်မလေးနဲ့ကဘာမှမဖြစ်ခ့ဲပါဘူး.."

အခ်စ္ကစားပြဲOnde histórias criam vida. Descubra agora