Part-8(Unicode)

1.1K 100 22
                                    

လွန်းနဲ့ဒေါက်တာနယ်ဘက်ကိုအလည်လာခ့ဲကြတယ်ဒါပေမ့ဲစိတ်မပါဘူး။လူကသာဒေါက်တာနဲ့ရှိနေတာစိတ်ကဟိုကလေးဆီရောက်ပြီးသူပြောတ့ဲစကားတွေကိုသာအတွေးရောက်ဆဲ။စိုးမိုးခံထားရတယ်လို့ပြောရင်လွန်းအပိုပြောတယ်ဆိုပြီးဖြစ်ရပြန်သည်..

ဒေါက်တာ့ကိုကြည့်တော့လည်းတစ်ခုခုကိုစိတ်ပူပန်နေသလိုမျိုးလေးဖြစ်နေသည်..

"ဒီနေရာကပိတ်ရက်ဖြစ်လို့ထင်တယ်လူများတယ်နော်..ဒေါက်တာ.."

"အင်း..လွန်းဗိုက်ဆာနေပြီလားဟင်.."

"လွန်းကစားသောက်ဆိုင်မေးတာမဟုတ်ဘူးဒေါက်တာ.."

"တောင်းပန်ပါတယ်..ကျွန်တော်ဗိုက်ဆာနေလို့ဖြစ်လိမ့်မယ်။လွန်းဗိုက်ဆာရင်တစ်ခုခုသွားစားကြမလား.."

"ဒေါက်တာလည်းဗိုက်ဆာနေရင် တည်းတ့ဲနေရာမှာဘဲသွားစားကြရအောင်လေ.."

"သွားကြတာပေါ့.."

ရှေ့ကအရင်ထွက်သွားတ့ဲလွန်းနောက်လိုက်လာပြီးလက်လေးကိုလှမ်းဆွဲလာသည်မို့တစ်ချက်ရပ်လိုက်ပြီးမှသတိရမိတယ်။ဒါကလွန်းရွေးချယ်လိုက်တ့ဲရွေးချယ်မှုဘဲမချစ်တော့ရင်လည်းပြန်ချစ်ပေးရမယ်။အပြုအမူတွေကိုမနှစ်သက်လည်းသည်းခံရမည်။​ဒေါက်တာကလွန်းရဲ့အမျိုးသားလေ။ဒါကြောင့်ဒေါက်တာ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ပြီးတည်းခိုခန်းရဲ့စားသောက်ဆိုင်ဘက်ထွက်လာလိုက်သည်..

မောင်ဒီနေ့တီလွန်းရှိတ့ဲ​ဆေးရုံကိုလိုက်ခ့ဲလိုက်တယ်။တီလွန်းစိတ်ဆိုးနေတော့ချော့ရမယ်လေဒါကြောင့်လက်ထဲမှာနှင်းဆီအဖြူ တစ်ပွင့်ကိုလည်းကိုင်လာခ့ဲ၏။သော်ကမောင်ဆိုတ့ဲမောင်ကဒီလိုလုပ်ပေးတာကဒေါ်လွန်းရှိန်ဝါကပထမဆုံးပါဘဲ။ကိုယ့်ကိုယ်ကိုယ်လည်းအ့ံသြရပါတယ်ဒီအမျိုးသမီးနဲ့တွေ့မှချေမိုးလာတ့ဲမာနတွေကပြာကျရတယ်။မိန်းကလေးတွေကိုစိတ်ထဲမှာပေါ့ပျက်ပျက်ထားခ့ဲတ့ဲမောင်ကဒေါ်လွန်းရှိန်ဝါနဲ့တွေ့မှအလေးထားတက်လာတယ်။ဒါကမောင့်ရဲ့ထူးဆန်းလာတ့ဲအပြုအမူပါဘဲ..

"ပန်းတစ်ပွင့်ဘဲဝယ်လာတာလောက်ပါ့မလား။တစ်စည်းလုံးဝယ်လာပြီးမကြိုက်ပြန်ရင်လည်းအဆူခံရဦးမယ်။"

အခ်စ္ကစားပြဲWhere stories live. Discover now