Part-20(Unicode)

1.4K 105 25
                                    

လွန်းဆေးရုံကပြန်လာပြီးခဏလိုတော့အိမ်ရှေ့မှာဘဲလ်တီးနေတာမို့ထွက်သွားကြည့်တော့အဘွားဖြစ်နေသည်။

"အဘွား.."

"သမီးအလုပ်ရှုပ်နေလားဟင်.."

"မရှုပ်ပါဘူး အိမ်ထဲဝင်လေ အဘွား.."

အဘွားနဲ့အတူအိမ်ထဲဝင်လာပြီးနောက်အဘွားသောက်ဖို့တစ်ခုခုလုပ်ပေးလိုက်သည်။

"မတွေ့တာကြာပြီနော် သမီးလွန်း"

"အဘွားဘယ်လိုနေသေးလဲရှင့်"

"အဘွားရဲ့ခန္ဓာကိုယ်တွေကကောင်းလာပါပြီ ဒါပေမ့ဲစိတ်ပိုင်းကတော့သိပ်မကောင်းသေးဘူး။"

အဘွားဘာပြောချင်နေတာလဲဆိုတာလွန်းသိပါ၏။ဒါကြောင့်လည်းလွန်းဘက်ကကြိုပြောပြလိုက်သည်။

"အဘွား လွန်းဆီလာတာမောင့်အကြောင်းပြောဖို့ဆိုရင်တော့လွန်းနဲ့မောင်ကဘာမှမပတ်သက်တော့ပါဘူး။"

"မောင်ကလွန်းအပေါ်မကောင်းတာတစ်ခုခုလုပ်ခ့ဲလို့လား။.."

"မရှိပါဘူး။အဘွား လွန်းလက်ထပ်လိုက်ပါပြီ။"

"မောင်ပြောပြလို့အဘွားသိပြီးပါပြီကွယ်။"

"မောင်ကဘာတွေထပ်ပြောသေးလဲရှင့်။"

"မောင်ကဒါထက်ပိုပြီးဘာမှမပြောလို့ အဘွားကစိတ်ပူလို့လွန်းဆီလာခ့ဲရတာပါ။လွန်းရွေးချယ်လိုက်တ့ဲအရာကမှန်ကန်တယ်ဆိုတာအဘွားနားလည်ပါတယ်။ဒါပေမ့ဲ အဘွားကတစ်ကိုယ်ကောင်းဆန်ပြီးမြေးကိုချစ်တယ်။တစ်ခါတစ်လေသီလတရားကိုမေ့သွားတယ်။မောင်နဲ့သမီးလွန်းချစ်သွားအောင်အဘွားဆုတောင်းမိတယ်။"

"လွန်းတောင်းပန်ပါတယ်နော်။လွန်း အ့ဲလောက်ထိဖြစ်ဖို့မရည်ရွယ်ထားပါဘူး။လွန်းကိုခွင့်လွှတ်ပါနော် အဘွား။"

"ဒီကိုလာ သမီး။ဘာမှမဖြစ်ဘူးနော်။"

အဘွားစကားကိုကြားတော့လွန်းလုပ်ခ့ဲမိတာကအရမ်းမှားမှန်းသိပါ၏။အားလည်းနာရသည်။အဘွားကအများကြီးနားလည်ပေးလေပိုပြီးစိတ်မကောင်းဖြစ်ရလေပါဘဲ။

"လွန်း အဘွားနားလည်တယ်။နောက်ဆုံးတော့သီလကျူ းလွန်တ့ဲအရာတွေကတို့တွေကိုပျော်ရွှင်အောင်မလုပ်နိုင်ပါဘူး သမီး။အဘွား ဒီကိုလာတာကမောင့်အခြေအနေကိုမြင်ရတော့ လွန်းလည်းဘယ်လိုနေမလဲဆိုတာစိတ်ပူလို့လာခ့ဲတာပါ။"

အခ်စ္ကစားပြဲWhere stories live. Discover now