Part-2(Unicode)

1.5K 110 10
                                    

နောက်တစ်နေ့မနက်ဆေးရုံရောက်တော့ကျွန်မဒေါက်တာအခန်းဆီလာခ့ဲလိုက်သည်အခန်းထဲရောက်တော့ဒေါက်တာကရှိမနေတာမို့ယူလာပေးတ့ဲနက်ကတိုင်ကိုစားပွဲပေါ်တင်နေချိန်တံခါးဖွင့်သံကြားလို့ကြည့်တော့ဒေါက်တာဝင်လာခ့ဲသည်..

"လွန်းကဒေါက်တာလဲဖို့နက်ကတိုင်ယူလာပေးတာပါ.."

"ကျေးဇူးတင်ပါတယ်နော်.."

ဒေါက်တာကချက်ချင်းဘဲယူလာပေးတ့ဲနက်ကတိုင်ကိုလဲဝတ်ဖို့ပြင်နေတာမို့..

"လွန်းကူညီပေးရမလား.."

ဒေါက်တာကချက်ချင်းအနောက်ဘက်ကိုဆုတ်သွားလိုက်ပြီး..

"မလိုဘူး..ကျွန်တော်လုပ်လိုက်မယ်.."

ဒေါက်တာအ့ဲလိုပြောတော့ကျွန်မစိတ်မကောင်းဖြစ်မိသွားသည်..

"ဇနီးရဲ့တာဝန်ကအမျိုးသားကိုဂရုစိုက်ရမှာပေါ့.."

ကျွန်မပြောလိုက်တာနဲ့ဒေါက်တာကကျွန်မရှေ့ကိုပြန်တိုးလာသည်မို့နက်ကတိုင်ကိုစည်းပေးလိုက်သည်..ဒါပေမ့ဲနက်ကတိုင်ကိုစည်းပေးနေရင်းတင်းထားတ့ဲမျက်ရည်တွေကကျလာမိသည်..

"ဟင့်.."
"ကွာရှင်းမ့ဲကိစ္စက.."

ဒေါက်တာ့ဆီကဒီလိုစကားမျိုးထပ်ကြားလိုက်ရတာမို့ဝမ်းနည်းမှုနဲ့အတူဒေါက်တာ့ကိုမော့ကြည့်လာမိသည်..

ဒေါက်..ဒေါက်..

"တောင်းပန်ပါတယ်..ဒေါက်တာ.."

"အင်း.."

"လွန်း..နင့်ကိုတွေ့ချင်တ့ဲသူရှိလို့.."

ကျွန်မလည်းသူငယ်ချင်းပြပေးတ့ဲသူရှိရာကိုသွားပြီးသွားတွေ့ခ့ဲသည်..ကျွန်မကိုတွေ့ချင်နေပါတယ်ဆိုတ့ဲအမျိုးသမီးကကျောခိုင်းထားသည်မို့..

"ဒီမှာရှင့်..ကျွန်မကိုတွေ့ချင်တ့ဲသူကရှင်လား.."

သူမကကျွန်မနဲ့မျက်နှာချင်းဆိုင်ဘက်လှည့်လာပြီး..

"ရှင်ကလွန်းရှိန်ဝါလား..ဒေါက်တာငြိမ်းကိုလွင်ရဲ့ဇနီးလားရှင့်.."

"ဟုတ်ပါတယ်..ရှင်က.."

"ကျွန်မနာမည်ကခွန်းနီတာပါ..ကျွန်မကိုနီလို့ခေါ်လို့ရပါတယ်.."

အခ်စ္ကစားပြဲWhere stories live. Discover now