Part-18(Unicode)

1.2K 91 23
                                    

လွန်းနောက်နေ့မနက်တော့အရေးပေါ်လူနာရှိတာမို့ဆေးရုံသွားပြီးအလုပ်ရှုပ်နေခ့ဲသည်။လူနာအတွက်လိုအပ်တ့ဲဆေးပစ္စည်းတွေယူဖို့အတွက်ဆေးတွန်းလှည်းလေးကိုကိုင်ချိန်လူကမူးဝေလာသည်မို့နံရံမှာခဏမှီလိုက်ရသည်။

"လွန်း မင်းဘာဖြစ်တာလဲ.."

"ဘာမှမဖြစ်ပါဘူး.."

"သေချာတယ်နော်.."

"ဟုတ်က့ဲ.."

လွန်းဒေါက်တာ့ကိုဖြေပြီးပြန်အလှည့်မှာပုံရိပ်တွေကဝေဝါးပြီးမူးလဲကျသွားတော့သည်..

"လွန်း..လွန်း..သတိရပါဦး.."

လွန်းကိုချက်ချင်းဘဲပွေ့ချီကာနားနေခန်းရဲ့ကုတင်ပေါ်မှာတင်ပြီးစမ်းသပ်ကြည့်လိုက်သည်။သွေးခုန်နှုန်းတွေကအားနည်းနေသလားဘဲ..

လွန်းသတိရလာလို့ကြည့်ချိန်ဘေးနားမှာဒေါက်တာကရှိနေသည်။လွန်းမူးလဲကျသွားတာကိုသိသည်။ဒါကအိပ်ရေးပျက်ပြီးအားနည်းတာကြောင့်ထင်ပါ၏။

"လွန်း ဘယ်လိုနေသေးလဲ.."

"အဆင်ပြေပါတယ်.."

"မင်းအခုလိုမူးတ့ဲလက္ခဏာရှိနေတာကကြာပြီလား.."

"မကြာသေးပါဘူး။ခုတလောdutyဆက်တိုက်ဆင်းပြီးအိပ်ချိန်နည်းသွားလို့ပါ.."

"မင်းအန်တာတွေရောရှိလား.."

"ဟမ်.."

"မင်းရာသီမလာတာဘယ်နှစ်လလောက်ရှိပြီလဲ.."

ဒေါက်တာ့စကားကိုကြား​တော့ချက်ချင်းကိုထ ထိုင်လိုက်မိသည်..

"နှစ်လရှိပြီမလား.."

"မဟုတ်ပါဘူး။လွန်းတို့ကလေးရဖို့၁၀နှစ်တာကြိုးစားခ့ဲတာကမရခ့ဲဘူးမလား.."

"ဒါပေမ့ဲ ခုတော့မင်းမှာကိုယ်ဝန်ရှိနေတယ်။ကျွန်တော်စစ်ပြီးပါပြီ။မင်းမှာကိုယ်ဝန်တကယ်ရှိနေတာပါ.."

လွန်းမှာဘာမှဆက်ပြောစရာမရှိခ့ဲဘူး။ထိတ်လန့်နေခ့ဲတယ်။ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..

လွန်းဆေးရုံမှာခဏနားပြီးတော့အိမ်ကိုပြန်လာခ့ဲလိုက်သည်။လွန်းကိုယ်တိုင်လည်းအတွေးတွေထဲနစ်မြှုပ်နေခ့ဲသည်..

အခ်စ္ကစားပြဲOpowieści tętniące życiem. Odkryj je teraz