Part - 37 ( Zg + Uni)

5K 226 9
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 37  )

" မေမေဆု ရေ လွန်ကြိုးဖြူဖြူ ဆိုတဲ့
ကောင်မလေး ကို ဂေဟာကနေ ချစ်သည်းတို့
ထွက်သွားရအောင် လုပ်တာ မမှားပါဘူးနော် "

မေးလိုက်တဲ့ မျက်နှာလေးက သနားချင်စရာလေး
ဖြစ်သွားပေမဲ့ တကယ်တမ်း သူမ စိတ်ထဲမှာ
ထိုသနားစရာမျက်နှာနှင့် ဆန့်ကျင်ဖက်
ဖြစ်နေခဲ့၏ ။ ဒါကို သူမကိုယ်​တိုင်​သာ
သိသည်​။

" မမှားပါဘူး သမီးချစ်သည်း... သိပ်ကို
မှန်တယ် တကယ်ဆို သူ ဘာလို့အရင်
မေမေတို့ သားငယ်ကို လာရှူပ်လဲ...??
လာရှူပ်တဲ့ လူတိုင်း ဒီလိုဇာတ်သိမ်းပဲ ဖြစ်ရမယ်...
ကံကောင်းလို့ပေါ့ သမီးချစ်သည်းသာ
လာမပြောရင် မေမေကလေ ဘာမှသိမှာမဟုတ်ဘူး....
မဟုတ်ရင် လွန်ကြိုးဖြူဖြူ ဆိုတဲ့ကောင်မ
က ရောင့်တက်ပြီး သားငယ်ကို အိမ်ကို
ပြန်မလာအောင် ထပ်မြှူဆွယ်နေမှာ "

" ဟုတ် မေမေဆု "

ဒီနေ့ ချစ်သည်း သိပ်ကို ကျေနပ်မိသည်။
ခရီးက ပြန်ရောက်ရောက်ချင်း အိမ်မှာ
ခဏနားပြီးတာနဲ့ မေမေဆုဆီ ထွက်လာလိုက်သည်။
နောက်ပြီး ချစ်သည်း ကြည့်ခိုင်းထားတဲ့
ကျောင်းသူလေး တစ်ယောက်ရဲ့ စကားအရ
လွန်ကြိုးဖြူဖြူ အားနည်းချက်က မာသာ
တဲ့။  ဒီတော့ မေမေဆု ကို ချစ်သည်း
ညှော်လိုက်ပြီး လွန်ကြိုးဖြူဖြူ ရဲ့ ဂေဟာကို
လွန်ကြိုးဖြူဖြူ ကျောင်းမဆင်းခင်
သွားပြီး တိုင်ပစ်လိုက်သည်။

အစပိုင်းက ချစ်သည်းတို့ တိုင်တာကို
မယုံဘူး လုပ်နေသော မာသာဆိုတဲ့
အဘွားကြီးက ဓာတ်ပုံတွေကို ပြလိုက်မှ
အင်တင်တင်ဖြစ်သွားခဲ့သည်။

ဒါတောင် ဓာတ်ပုံတွေ ပြတာတောင်
လွန်ကြိုးဖြူဖြူ ကို ထပ်​​မေးကြည့်နေသေးသည်။

လွန်ကြိုးဖြူဖြူ ကို တော်တော်ချစ်တဲ့
အဘွားကြီးပါ။ ဒါပေမဲ့လည်း လွန်ကြိုးဖြူဖြူ
က အမှန်အတိုင်း ဝန်ခံလိုက်တော့
စိတ်ဆိုးပြီး ဂေဟာကနေ နှင်ထုတ်လိုက်သည်။

ဒါ့ကို ချစ်သည်းတို့ ကြည့်နေရတာ သိပ်ကို
ပျော်စရာကြီးပါ။

" မေမေဆု...ချစ်သည်းတို့ လွန်ကြိုးဖြူဖြူ
ဂေဟာသွားတာ ခေါင်ယံ မသိစေနဲ့နော်
မဟုတ်ရင် သမီးတို့ကို သူ စိတ်ဆိုးနေလိမ့်မယ် "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now