Part - 40 ( Zg + Uni )

5.2K 264 7
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 40  )

" ကလေး... !! "

ခေါ်သံနဲ့အတူ ကားပေါ်က ဆင်းလာတဲ့
လူကို ဖြူဖြူ မြင်လိုက်ရတော့ လူက
တုန်သွားရသည်။

"  တစ်ယောက်တည်းလား ကလေး...??
ဒါဆိုရင် ဦး ပြန်လိုက်ပို့ပေးမယ်လေ "

ပြောရင်း ဦးနိုင်စေမာန် က လက်ကို လာကိုင်တော့
ဖြူဖြူ အမြန်နောက်ဆုတ်ပစ်လိုက်သည်။

" လာပါ ကလေးရယ် ဦးလိုက်ပို့ပေးပါ့မယ် "

" ရပါတယ် ဦးနိုင်စေမာန်... ဖြူဖြူ
ဘာသာ ဖြူဖြူ ပြန်လို့ရပါတယ်
ဦးနိုင်စေမာန် စိတ်အနှောင့်အယှက်
အဖြစ်မခံပါနဲ့ "

" ဘယ့်နှယ့် စိတ်အနှောင့်အယှက်ဖြစ်ရမှာလဲ
ကလေး ရယ်... မဖြစ်တဲ့
အပြင် ကလေးကို လိုက်ပို့ရလို့
ဦးက ပျော်သေး... နောက်ပြီး
ဦး သိပြီးသွားပြီ ကလေး ဂေဟာမှာ
မေနေတာ့ဘူးဆိုတာ "

" ဟင်..!!  "

ရုတ်တရက်တော့ ဖြူဖြူ အံ့ဩမိသွားသည်။
ပြန်တွေးကြည့်မှ ချစ်သည်းမာန် က
ဦးနိုင်စေမာန် ရဲ့ သမီးလေ။ ဒီတော့
သမီး လုပ်တဲ့ ကိစ္စကို အဖေက
သိတာမဆန်းပေ။

" အံ့ဩသွားတာလား ကလေး...
ဒီ ကိစ္စ ဦး သိနေတာကို...
တကယ်တော့ ချစ်သည်းမာန် က
ဦး သမီးလေ... သမီးက ငယ်ငယ်
ကတည်းက သား​ခေါင်ယံ နဲ့
စေ့စပ်ထားကြတာ... သမီးက
သားခေါင်ယံ ကို အရမ်းချစ်တာ
တုန်နေသလို သားခေါင်ယံ ကလည်း
ဦး သမီးကို ထိရင် မရဘူး...
ဒီတော့ကား ကလေးက သားခေါင်ယံ
နဲ့ ပတ်သက်နေတော့ ဦး သမီးက
စိတ်ဆိုးပြီး အခုလို လုပ်မိတာပါ
ဦး တောင်းပန်ပါတယ်နော် ကလေး...
ဦး သမီး လုပ်တဲ့ လုပ်ရပ်တွေအတွက်..
ကလေးလည်း နားလည်မယ်ထင်ပါတယ်
သမီးက သူ့ စေ့စပ်သူနဲ့ ပတ်သက်
နေလို့ အခုလို လုပ်လိုက်မိတာကို...
ဘာပဲဖြစ်ဖြစ်ပါ အချိန်တန်ရင် သားခေါင်ယံ
က ဦး သမီးနဲ့ လက်ထပ်ကြတော့မှာပဲ  "

တောင်းပန်သလိုနဲ့ ခေါင်ယံမှိုင်းနဲ့ ပတ်သက်
နေတာကို ရပ်ပစ်ဖို့ ဦးနိုင်စေမာန် က
ဖြူဖြူ ကို သတိပေးသွားခဲ့သည်။

" အဲ့တာ ဦး သမီး လုပ်​တဲ့ ကိစ္စ
ဒီနေ့မှ ဦး သိရပြီး ကလေးကို
လာတောင်းပန်တာ... ဒါနဲ့ ကလေး
အခုဘယ်မှာ နေနေတာလဲ...
နေစရာမရှိရင် ကလေးအတွက် ဦး
နေစရာရှာပေးမယ်လေ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now