I

6.8K 338 16
                                    

Uni

နှေးတိနှေးတုတ်‌ခြေလှမ်း‌တွေနှင့်‌လျှောက်သွားကာလိုက်ကာစကိုဆွဲဖွင့်၍ အမှောင်ထုရှိရာအခန်းကိုလ‌ရောင်အားကိုးပြီးအလင်းခွင်းစေတော့အေးမြမြဆောင်းရာသီမှာ အများအပြားကျနေသောဖြူဖြူလွလွနှင်းပွင့်‌တွေဖုံးနေသည့်
ညခင်းမြင်ကွင်းအားမှန်နံရံကာထား‌သောတိုက်ခန်းဆီကနေခပ်တွေတွေစိုက်ကြည့်သည်။

လူတွေကိုပျင်းရိထုံထိုင်းစေသော အအေးပိုလှသည့်
ဒီဇင်ဘာမနက်ခင်းတွေကိုသူသိပ်မုန်းသည်။ရွှေအိုရောင်
ဆံနွယ်တွေကိုထိုးဖွပြီး အဝတ်ဗလာဖြစ်စ်နေသောကိုယ်
ပေါ်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်သည့်ခါးထက်မှာ
လက်တစ်ဖက်ကိုထောက်လိုက်သည်။

တိတ်ဆိတ်နေသောအခန်းအတွင်းမှာ ဖုန်းသံကျယ်ကျယ်
ကပြန့်လွင့်လာလျှင် ရပ်နေရာမှတစ်လှမ်းချင်းလျှောက်လာ၍ ဖုန်းကိုလာကိုင်သည်။

“ ဥက္ကဌကြီးဆုံးသွားပြီ... ”

တစ်ဖက်ကစကားသံအဆုံးဖုန်းကိုသူကဦးအောင်
ချပစ်လိုက်သည်။ အိပ်ရာပေါ်မှာရှိ‌နေသောရှပ်ကို‌ကောက်စွပ်ကာစောစောကထက်ပိုသွက်သောခြေလှမ်းတွေနဲ့
စာကြည့်ခန်းဆီကိုဦးတည်သည်။ စာကြည့်စားပွဲရှိအံဆွဲ
ကိုဖွင့်ကာ သော့တစ်ချောင်းကိုယူ၍ စာအုပ်စင်အလယ်ကန့်
ထဲကလျှို့ဝှက်အံဆွဲကို ခပ်မြန်မြန်ဖွင့်ရင်း အထဲကစာအိတ်ကိုနှိုက်ယူသည်။ လူတစ်ယောသေသည်ဆိုသောသတင်း
ကြားသည်အထိ ခံစားချက်မရှိမှင်သေသေမျက်နှာထားနဲ့
သူဟာ သူ၏လက်ထဲပါလာသော စာအိတ်ဖြူဖြူပေါ်က
စကားလုံးအချို့ကိုငေးကြည့်ရင်း နှုတ်ခမ်းဖျားတွေကော့
တက်သွားအောင်အထိပြုံးသည်။ စာအိတ်ပေါ်က
“ ဂျွန်မြောင်အို၏ သေတမ်းစာ ” ဆိုသောစာလုံးတွေက
သူ့အတွက်သဘောကျစရာကောင်းနေသည်လား။

.......

ပန်းဖြူဖြူတွေဝန်းရံထားသောအလယ်၌ရှိနေသည့်
တည်တည်ခန့်ညားသောအမျိုးသား၏ဓာတ်ပုံအား
ကြည့်ရင်း မျက်ဝန်းထဲကမျက်ရည်တွေက အတားဆီး
မရှိ မျက်လုံးထဲကစီးကျနေသည်။ လက်ထဲမှာကိုင်ထား
သော ဆေးစာရွက်ကိုပြန်ကြည့်မိလျှင် သားတစ်ယောက်
ဖြစ်ပြီး အဖေတစ်ယောက်လုံး နှလုံးရောဂါဖြစ်နေတာကို
မသိရလေးခြင်း၊ အသက်ရှိစဉ်တစ်လျှောက်လုံး ဒီကိစ္စ
နှင့်ပတ်သတ်ပြီး သူ့ကိုဘာမှမပြောဘဲနေနိုင်ရက်လေခြင်း
ဆိုပြီး ရင်ထဲမှာအကြိမ်အခါခါကြေကွဲနေရ၏။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now