VI

2.5K 219 19
                                    

Uni



“ မင်းကကိုယ့်ကိုငြင်းရဲတယ်ပေါ့~ ”

ခပ်ဩဩလေသံကတိုးတိုးလျလျဆိုသော်လည်း
အေးစက်စက်၊ အက်တက်တက်နှင့်ကျောချမ်း
စရာကောင်းလှ၏။ ဆေးလိပ်ခဲထားရာနှုတ်ခမ်းပါး
များကပြုံးတုံ့တုံ့နဲ့ ကြိုးတစ်ချောင်းယူကာ
ကုတင်ပေါ်ဖြည်းဖြည်းချင်တက်လာသည်။

ပြီးလျှင် သူ၏လက်နီစ်ဖက်ကိုပူး၍လက်ကောက်
ဝတ်ကနေစုချည်ပြီး ဝါကျင့်ကျင့်မျက်လုံးများကကြောက်စရာကောင်းလောက်အောင်စိုက်ကြည့်ကာ နှုတ်ခမ်းထက်ကမီးရဲရဲစွဲနေသော ဆေးလိပ်မီးနှင့်
လူမမြင်နိုင်သောသူ၏ခန္ဓာကိုယ်ပေါ်ကတစ်နေရာ
မှာ ထိုးဖို့ပြင်သည်။

“ အား! ”

အရေပြားပေါ်မှာပူထူသွားသောခံစားချက်ကြောင့်
ရုန်းကန်၍ထထိုင်လိုက်မိသည်။ တစ်ကယ့်ဖြစ်ရပ်မဟုတ်ဘဲအိပ်မက်မက်နေတာပါလားဆိုတဲ့အသိနှင့် ပါးပြင်ပေါ်ကမျက်ရည်များကိုခပ်ကြမ်းကြမ်းသုတ်ပစ်ကာ စိတ်လှုပ်ရှားမှုကြောင့်အနှေးအမြန်မမှန်နေသော အသက်ရှူသံများကိုပုံမှန်ပြန်ဖြစ်သွားစေရန်ထိန်းယူနေရသည်။

နံရံပေါ်ကနာရီကိုကြည့်တော့  တစ်နာရီစွန်းစွန်းသာရှိ
သေးသည်။ ညအိပ်မီးအရောင်လေးသာရှိသောအခန်း
မှောင်မှောင်ထဲမှာသူတစ်ယောက်တည်းရှိနေသောငြား
ဟိုလူရှိတာထက်စာရင်တော့ပို၍စိတ်သက်သာရာရဦး
မည်။

မဟုတ်လျှင်ထိုအယ်လ်ဖာဟာ သူ့အားဖက်ကာမူယာ
မာယာသုံး၍ချော့မယ်။ ဟန်ဆောင်ငိုပြပြီး တောင်ပန်
ပါတယ်ဆိုတဲ့ မုသားစကားကိုအကြိမ်ကြိမ်ပြောမယ်။
ထပ်တလဲလဲတောင်းပန်စကားဆိုနေတာနဲ့သူကကျေနပ်နိုင်မတဲ့လား။

သူလုပ်ခဲ့သောလုပ်ရပ်ကိုသူသာအသိဆုံးဖြစ်
ပါလိမ့်မယ်။အလိုမတူစွာ အတင်းအဓမ္မ
အားအင်သုံးလျက် သူ့ဘဝကိုသိမ်းပိုက်သွားသော
ထိုအယ်လ်ဖာကို သူဒီတစ်သက်မကျေအေးပေး
လိုက်နိုင်ပါ။ သူ့ရင်ထဲမှာအမုန်းတရားတွေက
ထက်သန်နေပေမယ့် လောလောဆယ်မှာတော့
ထိုလူလက်ခုပ်ထဲရေဘဲ။

“ မဟုတ်ဘူး! အဲ့လိုအဖြစ်မခံနိုင်ဘူး! ဟင့် ”

သူ့လက်ခုပ်ထဲရေဖြစ်တော့မယ့်အဖြစ်ကိုတွေးရင်းက
ခြောက်ခြားတုန့်လှုပ်စွာ အော်ဟစ်လိုက်မိသည်။ ကုတင်လယ်မှာ ကျုံ့ကျုံ့ရုံ့ရုံ့၊တရှူံ့ရှူံ့နဲ့ထိုင်၍‌ငိုနေသည်မှာအတန်ကြာသွားသော်လည်း ထိုလူလက်ထဲကရုန်းထွက်နိုင်မယ့်လမ်းစကိုတစ်ခုလေးမှမစဉ်းစားနိုင်သေးပါ။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Όπου ζουν οι ιστορίες. Ανακάλυψε τώρα