XIII

2.2K 190 36
                                    

Uni


ရေချိုးခန်းထဲရေချိုးနေတုန်း သီချင်းလေး
တစ်ညဉ်းညဉ်းနဲ့ဆပ်ပြာတိုက်တော့ လက်တွေက
တင်ပါးတွေဆီရောက်သွားလျှင် ‌ဦးနှောက်ထဲမှာ
နာရီပိုင်းလောက် မေ့ဖျောက်ထားသောစကားက
နေရာပြန်ယူလာသည်။

‘ နည်းနည်းပိုကြီးလာတယ် ’

“ ဘယ်မှာကြီးလို့လဲ!! ”

သူ့ဘေးနားမှာလာပြောနေသလိုလေသံတွေပါကြား
ယောင်နေလျှင် စိတ်ရှိလက်ရှိ အကျယ်ကြီးအော်
ပစ်လိုက်သည်။ ဘယ်လောက်ထိဒေါသထွက်နေလဲ
ဆို ရေချိုးနေသောဝတ်လစ်စလစ် ကိုယ်လုံးလေး
နီရဲသည်အထိပါဘဲ။ လက်သီးလေးနှစ်ထက်ကျစ်ကျစ်
ဆုပ်ရင်း စိတ်ထဲမှာထိုလူကိုအမှုန့်ကြိတ်ချင်နေသည်။
တစ်ကယ့်လူ!

“ သူ့တင်ပါးကမှ ကြီးတာ! ငါ့လက်တစ်ဖက်
နဲ့တောင်မဆံတာကိုများ! သူများတင်ပါးကို
ကြီးတယ်တဲ့... ဟွန်း~ ”

“ ဂျောင်ဂု... ရေချိုးတာကြာနေပြီနော်~
‌မြန်မြန်လက်စသတ်တော့ တော်ကြာ ဖျားနေဦးမယ် ”

တစ်ကိုယ်တည်းစိတ်လိုလက်ရ ပြောဆိုနေတုန်း
‌အပြင်ဘက်ကထယ်ဟျောင်းဆီကအသံလာလျှင်
စိတ်ပျက်ချင်းအတိဖြစ်နေသောမျက်နှာပေးမျိုးနှင့်
တံခါးဖက်ကိုလှည့်ကြည့်သည်။

တွေ့တယ်မလား။ အနေဆင်းရဲတယ်ဆိုတာအဲ့ဒါကို
ပြောချင်တာ ကိုယ်ဘာသာရေချိုးတာတောင်ကြည့်
လိုက်ပြီးပိတ်ပင်၊တားဆီး၊ချုပ်ခြယ်၊ငြိုငြင်၊ဆူပူချင်
နေတာ။ သူများသားကိုယူထားပြီးစိတ်တိုင်းကြချည်း
ဘဲ။ ကိုယ်စိတ်တိုင်းကျဆိုတာဘာမှမရှိဘူး။

ရေပန်းကိုပိတ်ကာ bathrobe တစ်ထည်းကောက်
ဝတ်လိုက်ရင်း စိတ်မြန်လက်မြန်တံခါးကိုဆွဲဖွင့်၍
ထွက်လာပြီး

“ အနေဆင်းရဲတယ်ဆိုတာအဲ့ဒါကိုပြောတာဘဲ
ကိုယ်စိတ်ကိုယ့်ကိုယ်ဘာမှကိုလုပ်ပိုင်ခွင့်ကိုမရှိဘူး
တတော်ကို စာနာစိတ်မဲ့တဲ့လူ... ခင်ဗျားကိုရော
အဲ့လိုခင်ဗျားလုပ်သမျှမျက်စိ‌ဒေါက်ထောက်
ကြည့်ပြီး လိုက်ပြောနေရင်ကြိုက်မလား ”

“ ဟ! အခုကမင်းနေမကောင်းဖြစ်နေမှာ
စိုးလို့ပြောနေတာလေ... မင်းရေချိုးနေတာ
ဘယ်ကတည်းကလည်း... နာရီကိုပြန်ကြည့်
နာရီဝက်တောင်ကျော်နေပြီ... ကြည့်! နှုတ်ခမ်း
တောင်ပြာချင်နေပြီကို ”

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now