XVI

1.9K 173 42
                                    

Uni

ရင်ဝယ်ပိုက်ထားမိသော ရင်နင့်သည်းချာ
သွေးသားငယ်ကလေးမှာ တဆာဆာအော်
ငိုရင်းကမောသွားရှာပြီထင်ပါရဲ့။ မျက်တောင်
ရှည်ရှည်တွေဝန်းရံရာမျက်လွှာလေးကိုချလို့
ဖောင်းဖောင်းတုတ်တုတ်လက်ကကလေးများကို
လက်သီးစုပ်လေးလုပ်ကာအိပ်ပျော်နေသည်ကို
ကြည့်ရင်း သူနှစ်နှစ်ကာကာပြုံးမိသွားသည်။

“ ကိုယ်တို့သားလေးကလူချောလေးဘဲ ဟယ်လင် ”

“ ဟုတ်တယ်နော်... သားကမြောင်အိုနဲ့
သိပ်တူတာဘဲ ~ ”

ဆေးရုံအခန်းငယ်ထဲမှဇနီးမောင်နှံနှစ်ဦး၏ရယ်သံ
ကခပ်အုပ်အုပ်ပျံ့လွှင့်သွားသည်။

“ ကိုယ်တို့ကလေးလေးကိုနာမည်ပေးရအောင်
ဟယ်လင်ကရော ဘယ်လိုနာမည်မျိုးကိုသဘောကျလဲ ”

“ ကျွန်မတို့သားလေးကို ကင်မ်ထယ်ဟျောင်းလို့
နာမည်ပေးရအောင် မြောင်အို ”

ခပ်ထောက်တောက်မျက်ဝန်းတွေနဲ့မော့ကြည့်ကာ
ပြောလာသောအမေရိကန်သူရဲ့စကားအဆုံး
မြောင်အိုအံ့ဩသွားသည်။

“ ဂျွန်ထယ်ဟျောင်းလို့ပေးရမှာပေါ့ ဟယ်လင်ရဲ့
ဒါမှ ကိုယ်နဲ့မျိုးရိုးတူမှာလေ ကိုယ်တို့မျိုးရိုးက
ကင်မ်မှမဟုတ်တာ ”

“ ဟင့်အင်း... ကျွန်မသားလေးကို မြောင်အိုတို့
မျိုးရိုးနာမည်မပေးနိုင်ပါဘူး... မြောင်အိုတို့အသိုင်း
အဝိုင်းကကျွန်မကိုမုန်းနေကြတာ... ကျွန်မကလည်း
ကျွန်မကိုအကြောင်းမဲ့မုန်းတဲ့အသိုင်းအဝိုင်းကိုမကြည်
ဖြူနိုင်ပါဘူး... မြောင်အို့ကိုသာကျွန်မကချစ်လွန်းလို့
ကျွန်မနားမှာအခုချိန်ထိဆွဲထားမိတာ... အရင်တုန်းက
စိတ်နဲ့သာဆို ကျွန်မမြောင်အို့ကိုလည်းအဆက်ဖြတ်ခဲ့
တာကြာခဲ့ရောပေါ့ ”

ပွင့်လင်းလှသောအမျိုးသမီး၏ စကားအဆုံးမှာ
မြောင်အိုသက်ပြင်းလေးလေးချသည်။ စိတ်ဓာတ်
ပြတ်သားသူဟာ မကြိုက်ရင်မကြိုက်ကြောင်းကို
တည့်တိုးပြောကာ လူတစ်ယောက်ကိုမှန်လိုတုန်ပြန်
ဆက်ဆံတတ်သည်။မိန်းမသားတစ်ယောက်ဖြစ်နေ
ပါသော်လည်း အမှီအခိုကင်းမဲ့စွာကိုယ့်အားကိုယ်ကိုး
၍နေထိုင်ခဲ့သည့်အလျှောက် တစ်ဇွတ်ထိုးဆန်သည့်
အပြုအမှုလေးများလည်းရှိနေသေးသည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now