IV

2.9K 258 41
                                    

Uni

A Little warning ⚠️




မနက်ခင်း၌ နုံးချိနာကျင်နေသောခန္ဓာကိုယ်နှင့် ပြောင်းလဲ
ပျံ့နှံနေသောရနံ့များကြောင့်စိတ်ညစ်ညူးစွာနိုးထလာရသည်။ မနက်ခင်းဟုဆိုလိုက်သော်ငြားလည်း နာရီကိုကြည့်မိလျှင် မနက်ခင်းဟုတ်မနေတော့ 12နာရီတောင်ကျော်နေပြီ။

ထထိုင်လိုက်လျှင်စူးအောင့်နေအောင်အောက်ပိုင်းကနာကျင်
နေတာမို့ အံကြိတ်ရင်းတင်းခံနေလိုက်သည်။ အဝတ်မကပ်သည့်ကိုယ်ပေါ်မှာလွှမ်းခြုံထားသည့်တစ်ခုတည်းသော
စောင်ကိုဖယ်လိုက်လျှင် ခြေဖျားကနေပေါင်တံတစ်လျှောက်ထိမြင်နေရသောကိုက်ရာတွေ၊ နီညိုညိုအကွက်တွေကိုမြင်ရ၍ဒေါသကတစ်လိတ်လိတ်ထွက်လာရင်း ဘေးကအိပ်ပျော်
နေသူကို မသတီစွာစူးစူးရဲရဲ့စိုက်ကြည့်သည်။

သူကြောင့်နဲ့အခုတော့သူ့ဘဝကြီးရေစုန်မျောလေပြီ။
အမျိုးမျိုးအကြပ်ကိုင်တာတောင်အားမရဘဲ သူ့ခန္ဓာကိုယ်
ကိုပါထိပါးစော်ကား၏။ မုန်းတီးတာထက်နာကျည်းသွား
သောစိတ်မှာကမူးရူးထိုးနှင့် စိတ်လိုက်မာန်ပါ လုပ်မိတော့သည်။ ခေါင်းအုံးကိုဆွဲကိုင်ကာနှစ်ခြိုက်စွာ အိပ်နေသောသူအပေါ်တက်ခွပြီး ခေါင်းအုံးနှင့်ဖိသတ်ဖို့ကြံရွယ်သည်။

စိတ်ဒုက္ခများစွာပေးလာသည်ကိုတောင်အားမရနိုင်ဘဲ
သင်းက ရာရာစစငါ့အပေါ်ကိုယ်ထိလက်ရောက်စော်ကား
ရဲသေးတယ်။

ထောင်ကျမလည်းမမုတော့...
နာမည်ပျက်မှာလည်းမပူတော့...
သူသိပ်အ‌လေးထားနေတဲ့အရှက်သိက္ခာတွေအကုန်လုံးဒီလူအတင်းအဓမ္မနင်းခြေတာခံပြီးမှတော့ သူနောက်ထပ်ဘာတွေများပျက်စီးဆုံးရှုံးမှာကိုပူပင်နေရမှာလဲ

မျက်ရည်စက်လက်အတွေးနက်နက်နှင့်အသိမဲ့စွာ
မကောင်းသည့်စိတ်ကတွန်းအားပေးသည့်နောက်
သူဟာမြောက်မြောက်ကြွကြွကြိုးဆွဲရာကနေပြီ။

“ သေစမ်း! စောက်ရူးကောင် !! ”

အိပ်နေရင်းအသက်ရှူကျပ်လာသည်မို့ရုန်းကန်မိတော့
ကိုယ်ပေါ်မှာရှိနေသောအရာအားသတိထားမိကာစမ်း
မိသည်။ အိစက်စက်ခေါင်းအုံးကမျက်နှာပေါ်တင်းတင်းကျပ်ဖိကပ်ထားခံရသည်။ သူ့ကိုယ်နှင့်မတိမ်းမယိမ်း
ခန္ဓာကိုယ်ကတက်ဖိထားပြန်တော့လွယ်လွယ်မရုန်းနိုင်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now