XIX

1.8K 151 11
                                    

Uni

နေခြည်‌‌နွေးနွေးရောင်စဉ်တန်းမှာ အိပ်ခန်းအတွင်း
ဖြာကျလို့လာသည်။ ကျင့်သားရနေသောမျက်ဝန်း
ဝိုင်းများဟာနေရောင်အောင်မှာပွင့်လာသည့်အခါ
ဦးစွာဆီးကြိုနေသည်က နိမ့်ချီမြင့်ချည်နဲ့ခပ်မှန်မှန်
လှုပ်ရှားနေတဲ့ ရင်ခွင်နွေးနွေးရယ်သာ။

ကျစ်ကျစ်လျစ်လျစ်လက်မောင်းသားကိုခေါင်းအုံးကာ
ကျယ်ကျယ်ပြန့်ပြန့်ရင်ခွင်ထဲခိုဝင်လို့အိပ်စက်နေမိ
တာတစ်ညလုံးဘဲ။ မဟုတ်သေးဘူး။ သူနဲ့အဆင်ပြေ
အောင်နေမယ်လို့ဆုံးဖြတ်ထားတဲ့နေ့ကတည်းကဆို
ပါတော့။

အခါတိုင်းရက်ဆို ကိုယ့်ထက်ထိုလူဟာဦးစွာနိုးနေ
တတ်ပေမယ့် ယနေ့တော့ရုံးပိတ်ရက်မို့စိတ်ချလက်ချ
အိပ်နေသည်ထင်ပါ့။ အခုထိနိုးမလာသေးပေ။မျက်
ခုံးထူထူတန်းတန်းနှစ်ခုကိုမသိမသာစုကြုံ့လို့ နှစ်ခြိုက်
စွာအိပ်စက်နေသူကို ခေတ္တခဏကြည့်ရင်းက နှုတ်ခမ်းပါး
တို့ကြည်နူးသလိုလိုကော့တက်လာသည်။ကြည်နူးသည်
ဆိုပြီးတွေးမိကာမှ တစ်ယောက်တည်းရှက်သွေးဖြာမိ
ပြန်သည်။

အခုနောက်ပိုင်းကိုယ့်ခေါင်းထဲမှာဒီလူနဲ့ပတ်သက်တဲ့
အတွေးတွေအလွန်အကျူးဝင်ရောက်နေတယ်။
ကြည်နူးတာတွေဘာတွေဆက်မ‌တွေးနေတော့ဒီနေ့တော့
ကိုယ်ကဦးစွာထပြီး သူနိုးရင်အတူစားဖို့မနက်စာပြင်ရန်
ပြင်ဆင်သည်။
.
.
.
.
.
အချိန်အားဖြင့် မနက်ရှစ်နာရီရှိပြီ အိပ်ပျော်နေတုန်း
တစ်ခါမကသောဖုန်းမြည်သံကြောင့်နိုးလာကာကိုင်
တော့ တစ်ဖက်ကအတွင်းရေးမှူးရဲ့စကားကြားမှ
မနေ့ကအစည်းဝေးကိုဒီနေ့ချိန်းမိတာကိုသတိရသည်။

ပျာယာခတ်စွာအိပ်ရာကထရင်ရေမိုးချိုးကာထွက်
လာပြီးဗီရိုတံခါးဖွင့်ကာတွေ့တဲ့အင်္ကျီကိုလျင်မြန်စွာ
ထုတ်၍ဝတ်သည်။

မနက်စာစားဖို့ ကင်မ်ထယ်ဟျောင်းအားနှိုးရန် အခန်းထဲ
ပြန်လာတော့ ထိုလူဟာမှန်ရှေ့မှာ နက်ခ်တိုင်းမစည်းရ
သေးသောဝတ်စုံပြည့်နဲ့ ဆီးလို့ကြိုသည်။ အလောတကြီး
ဖြစ်နေပုံအရ ကိစ္စတစ်ခုခုရှိလို့ထင်သည်ဟုတွေးမိသော်
လည်းပိတ်ရက်ဖြစ်နေတာတောင် ကိစ္စတွေကများလိုက်
တာဟုအလိုမကျတွေး၍ နက်ခ်တိုင်တပ်နေသောထိုလုရှေ့
သွားရပ်လိုက်သည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now