Extra

3K 177 23
                                    

ညအခါမှာထိန်ထိန်သာနေသော လရောင်ဖြာကျရာ
တိုက်ခန်း၏window seatမှာထိုင်၍ ချီကာဂိုမြို့၏
ညရှုခင်းအလှကိုငေးသည်။လမ်းမတန်းပေါ်မှာကားသွား
ကားလာကရှုပ်ရှုပ်ယှက်ယှက်နှင့်မြင်နေရသောအထပ်မြင့်
အဆောက်အဦးတွေမှာမီးရောင်တွေကတလက်လက်နှင့်
လှလှပပရှိနေသည်။

တဖြည်းဖြည်း
တိမ်ထုတွေများလာကောင်းကင်မှာ ကြယ်တွေတောင် ပျောက်လုနီးနီးဖြစ်ကာ လျှပ်စီးတွေပါလက်လာသည်။
ခပ်စိတ်စိတ်ကျလာသောမြိးပေါက်ကလေးများသည်
အမှုန်အမွှားလေးလောက်ကနေ မိုးပေါက်ကြီးကြီးတွေ
အဖြစ်ပေါင်စလဲကာပြင်းထန်းစွာရွာသွန်းသည်။

ညအိပ်မီးရောင်သာရှိသောအခန်းငယ်ထဲမှာ ကိုယ်သည်
ထိုင်နေရာကဒူးများအားရင်ထိရောက်အောင်ကွေးကာ
ဒူးနှစ်ခေါင်းပေါ်လက်တင်ကာ‌ထိုလက်ပေါ်မေးတင်၍
ရောက်တတ်ရာရာငေးမောတွေးတော၏။

‌မာမီဆုံးပြီးတည်းကချီကာဂိုကိုပြောင်းလာခဲ့တာ
ဖြစ်သည်။ကင်မ်ထယ်ဟျောင်းဆေးရုံကဆင်းလာ
ပြီးတော့ ကိုယ်ရဲ့ဖြောင်းဖြတိုက်တွန်းမှုကြောင့်ထိုလူ
မှာမာမီနဲ့အတူနေဖို့ကိုသဘောတူခဲ့သည်။

နာမကျန်းဖြစ်နေသောမာမီ့ကို ပြန်နလန်ထူဖို့အတွက်
သူ၏သားနဲ့ပြန်နေရင်များ အရင်လိုပြန်ကောင်းလာ
နိုင်မယ်အထင်နဲ့အတူနေဆဲကာလအတောတွင်း
ထိုသားအမိနှစ်ကြားကိုယ်ကကြားဝင်စေ့စပ်ပေးကာပြေလည်မှုရသွားကြ‌ေပမယ့်ရောဂါကျွမ်းနေသော
မာမီမှာသိပ်မကြာခင်ချိန်တွင်းမှာဘဲဆုံးသွားသည်။

ထိုအချိန်တည်းကသူတို့လည်းချီကာဂိုကိုပြောင်းလာ
ခဲ့တာဖြစ်သည်။ချီကာကိုရောက်တာနှစ်လသာရှိပါ
သေးသည်။ နေရတာအဆင်ပြေပါ၏။ အိမ်နီးနား
ချင်းတွေကလည်းဖော်ရွှေပါသည်။

အတွေးတွေရပ်ဆဲသွားမှသတိရသည်။ နာရီတစ်ချက်
လှည့်ကြည့်တော့ ၄နာရီကျော်လေပြီ။ ဂျွန်ပျာယာခတ်
စွာထိုင်နေရာမှထ၍ အဝတ်စားမြန်မြန်လဲကာ ကားသော့
နှင့်ဖုန်း ပိုတက်ဆံအိပ်ဆွဲ၍ တစ်နေရာဆီဦးတည်သွား
သည်။

ချီကာဂိုမြို့လည်က Jewelry ဆိုင်တစ်ခုရှေ့ကား
လေးကိုထိုးရပ်ကာ ခပ်သွက်သွက်ထိုဆိုင်ထဲကိုဝင်
သွား၏။ သူမှာထားတာလေးဒီနေ့ရပြီမို့လာယူ
ဖို့ပြောထားတာ မနက်ကတည်းက ညနေမှလာယူ
ပါ့မယ်ပြောရင်းမေ့လုဆဲဆဲဖြစ်သွားသည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now