X

2.2K 182 15
                                    

Uni

ဥပက္ခာပြုကာ လှည့်ထွက်လာပြီးနောက်
‌တစ်ယောက်သောသူ၏ ငိုသံ၊ အော်သံများနှင့်
ဝေးရာအိမ်အပြင်ဘက်က ကော်ဖီစားပွဲမှဝင်၍
ထိုင်လိုက်သည်။

“ အား~ ”

လည်ပင်းမှကိုက်ရာ၏တစ်ဆစ်ဆစ်အပ်နဲ့ထိုးဆွ
နေသလိုနာကျင်မှုသည်နှလုံးအိမ်အထိပါသက်ရောက်
နေသလိုမျိုး အောင့်အီးအသက်သာနှင့် ရင်ဘတ်ဘယ်
ဘက်ခြမ်းကိုဖိ၍ ကြိတ်မှိတ်ခံနေရသည်။ ခုံပေါ်မှာ
ထိုင်နေရင်းကဘာ်လိုမှနေမရတော့ဘဲထရပ်လိုက်လျှင်
ရှိန်တည်းထိုးအောင့်လာသော ဝဲရက်ရင်အုံကနာကျင်
မှုကြောင့်ဒူးပါခွေ၍ ကြမ်းပြင်ပေါ်ကျသွားသည်အထိ

“ အဟွတ်! ”

ပါးစပ်ဆီမှသွေးစများစွာအန်ထွက်လာလျှင်နာကျင်
မှုကသိသိသာသာလျှော့ကျသွားသည်။ ကြမ်းပြင်ပေါ်
ဒူးထောက်နေရာမှ ပယ်ပယ်နှယ်နှယ်ထိုင်ချလိုက်ရင်း
ပါးစပ်မှပေကျန်နေသောသွေးစများအားလက်ဖဝါး
ကျယ်ကျယ်နှင့်သပ်ယူလိုက်သည်။

ကြမ်းပြင်နှင့်လက်ဖဝါးပေါ်က ပေကျံနေသောရဲရဲနီ
သည့်သွေးများအားသူတွေဝေစွာငေးစိုက်ကြည့်ရင်း
တုန်လှုပ်လာခဲ့သည်။ ဤအကြောင်းကြောင့်ဒီလိုဖြစ်
လာသည်ဟိုတွေးလိုက်မိသည့်အခါ လက်မခံနိုင်စွာ
ငြင်းပယ်မိသည်။

မဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့ဒါကဒီတိုင်းရောဂါသက်
သက်ဘဲဟုတွေးလျက် တစ်ယောက်တည်းအတွေးနယ်
မှာညှိုးငယ်နေရသည့်စိတ်ကိုအတင်းမောင်းထုတ်သည်။

“ ဟာ... ကင်မ်ထယ် သွေးတွေနဲ့!မင်း_
မင်းအဆင်ပြေရဲ့လား ”

“ ငါ_ ငါဘာမှမဖြစ်ဘူး... အဆင်ပြေတယ်
ဆော့ဂျင်...သူရော~  ”

ဖြန့်ကျက်ထားသည့်လက်ဖဝါးကိုစုစုပ်ကာဖုံးကွယ်ရင်း
အတွေးနယ်ကနေ လက်ရှိအချိန်ပြန်ရောက်လာသူဟာ
တုန်ရီစွာနှင့်‌ေရှ့ကလူကိုမေးမြန်း၏။ဤသည်ကို
သက်ပြင်းချ၍ခေါင်းကုတ်ကာပြန်ဖြေသူက

“ ဟင်း~ မင်းလူကအင်္ကျီဘဲချွတ်ရ‌သေးတယ်
သတိလစ်သွားပြီ..... ”
.
.
.
.
.
သတိပြန်လည်လာလျှင်ငြိမ့်သဲ့သဲ့အဆက်မပြတ်တုန်ခါမှု
ကိုခံစားနေရတာသတိထားမိသည်။ ထိုးကိုက်နေသော
မျက်ရိုးကြောင်မျက်လုံးကမဖွင့်နိုင်သေးသော်လည်း
ဖြေးဖြေးချင်းဖွင့်ကနီးစပ်ရာကိုလက်လှမ်းမှီသလောက်
လိုက်ကြည့်လျှင်ကားပေါ်မှရောက်နေသည်ကိုသိထား
ရပြီ။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now