XII

2.2K 183 38
                                    

Uni

ပန်းခြံမျက်နှာချင်းဆိုင်မှာ ကားနက်ကိုရပ်၍
ထားကာ ထိုကားထဲမှာတိတ်တဆိန်နေရာယူပြီး
ဂန်ချာယုံအလာကိုသူစောင့်ကြည့်နေတာကြာပြီ

ထိုလူဒီနေ့မှဘာလို့နောက်ကျနေသလဲဟုတွေရင်းမှ
မျက်စိတ်ရှေ့မြင်ကွင်းဆီတိုက်တိုက်ဆိုင်ဆိုင်ရောက်
လာခဲ့၏။ အားကားစားဝတ်စုံအ‌ပြည့်နဲ့ထိုလူဟာ
ပြန်းခံထဲဝင်သွားလေတော့ သူလည်းကားထဲမှထွက်
ပြီ ဂန်ချာယုံးအနောက်ကိုတိတ်တဆိတ်ထပ်ချက်မခွာ
လိုက်သည်။

ပန်းခြံတစ်ပတ်ကို သူများနည်းတူဖြေးဖြေးမှန်မှန်ပတ်
ပြေးနေရင်း ထို့လူ့အနားကိုတဖြေးဖြေးချဉ်းကပ်လေ
သည်။

“ စီအီးအိုဂန် ပါလား~ မတွေ့ရတာတောင်ကြာပြီနော် ”

“ ဟင်... မင်းပါလား~ ”

အလန့်တကြားနှင့် ပျက်ယွင်းသွားသောမျက်နှာနှင့်
ဂန်ချာယုံးမှာပြေးနေရာကရပ်လိုက်လျှင် ကိုယ်ပါလိုက်
ရပ်လိုက်မိသည်။

“ ကျွန်တော့်ကိုတွေတာနဲ့ဘာလို့ အဲ့ဒီလောက်
လန့်နေရတာလဲ... ကြုံလို့ဆုံလို့နှုတ်ဆက်တာကို ”

“ အဲ့လိုမဟုတ်ပါဘူး... ငါဒီရက်ပိုင်းကျန်းမာရေး
သိပ်မကောင်းလိုပါ... နှလုံးရောဂါကပုန်ထနေတယ်လေ
မင်းကရုတ်တရက်ကြီးရောက်လာတော့ လန့်တာပေါ့ ”

အဆင်မချောဘဲထစ်ငေါ့စွာနှင့်ပြောဆိုနေသော
ဂန်ချာ‌ယုံးမှာ‌ဘေးဘီဝဲယာရှေ့နောက်မကျန်မသိ
မသာငေးလျက် သွေးပျက်နေသလိုလိုနှင့်။

“ ကျန်းမာရေးကိုဂရုစိုက်မှပေါ့ ခင်ဗျားရောဂါက
ပေါ့ဆသင့်တဲ့ရောဂါမ‌ဟုတ်ဘူးလေ ”

“ ငါသိပါတယ် ”

ထိုသို့ပြောပြီး ဂန်ချာယုံးမှာတဖြေးဖြေးနှင့် ရှေ့သို့
ဆက်၍လျှောက်လှမ်းသွား၏။ သူနည်းတူလမ်းလျှောက်
နေရင်းအတန်ကြာလေမှ

“ မင်း ဥက္ကဌဂျွန် ဆီကခွဲထွက်သွားတဲ့နောက်ပိုင်း
ဘာတွေလုပ်လဲ ”

“ ကျွန်တော်ခရီးသွားအေဂျင်စီ တစ်ခုထောင်ထားတယ်
ဗင်းဆင့်န်လေ ... ကြားဖူးတယ်မဟုတ်လား ”

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now