XX

1.7K 154 14
                                    

Uni





“ ထင်ထားတာထက်မြန်မြန်သက်သာလာတာဘဲ
စီအီးအိုဂန်က ”

“ ငါမြန်မြန်သက်သာမှ လုံခြုံမှာလေ... အခုကစွဲချက်
တင်လိုက်ပြီဆိုတော့ ငါကမင်းတို့ဘက်ကသက်သေ
လိုက်ထွက်ပြီး ငါအပြစ်တွက်ငါဝန်ခံလိုက်တာက
အကောင်းဆုံးနဲ့ ငါ့အတွက်လုံခြုံမယ်ထင်လို့ပါ.... ”

ဓားဒဏ်ရာကြောင့်ရော နှလုံးရောဂါအခံကြောင့်ပါ
အိပ်ရာထဲလဲနေရသည့် စီအီးအိုဂန်ကပြီးခဲ့သည့်အဖြစ်
အပျက်ကိုနောင်တရနေပုံနှင့်ပြောသည်။

ဓားထိုးခံရပြီးသည့်နေ့က ဆေးရုံသို့ရောက်သွားခဲ့ပေမယ့်
သူနဲ့ဟိုဆော့ဟျောင်းတို့တိုင်ပင်ကာ စီအီးအိုဂန်ကို
ချီကာဂိုသို့တိတ်တဆိတ်ခေါ်လာခဲ့သည်။ ပြန်လည်နလန်
ထူသည်အထိ သတင်းအစအနအကုန်ဖျောက်ထားကာ
ဒီမှာတိတ်တဆိတ်လာနေရရခြင်းအကြောင်းကတော့
နာဂုဟီးကြောင့်ဖြစ်သည်။

ဖေဖေဆုံးသည့်ညကအကြောင်းစုံအကုန်သိမြင်ထားသော
အဓိကလူကို ထို့အမျိုးသမီးလုံးဝအလွှတ်ပေးမှာမဟုတ်
မှန်းသူအတပ်သိသည်။

“ အဲ့လိုဆိုရင်တော့ ကျွန်တော်အရမ်းကျေးဇူးတင်မိမှာပါ ”

“ တစ်ကယ်တော့... ဉက္ကဌဂျွန်နဲ့သူ့ဇနီးက အဲ့ည
မတိုင်ခင်ကတည်းကစကားတွေဆက်တိုက်များနေခဲ့တာ ”

စီအီးအိုဂန်၏ သက်ပြင်းတစ်ချချနှင့်ပြောဆိုသံအဆုံး
ထယ်ဟျောင်းအာရုံတွေ ထိုလူ့စကားအဆက်မှာစုပုံ
ထားသည်။ထိုလူကဘဲဆက်၍

“ ဥက္ကဌဂျွန်က ရာထူးကနေအနားယူပြီး ဒီလုပ်ငန်းစု
ကိုရှယ်ယာရှင်အသီးသီးကိုခွဲဝေပေးမယ့်အကြောင်း
နာဂုဟီးကိုပြောတော့ သူကလုံးဝလက်မခံခဲ့ဘူးလေ...
သူကဒီလုပ်ငန်းစုတွေကို သူဦးစီးပြီစလုပ်ဆောင်နိုင်
ပါတယ်ဆိုပြီး တောက်လျှောက်ပြဿနာတွေရှာနေခဲ့တာ ”

“ ဥက္ကဌကြီးကဘာလို့လုပ်ငန်းစုတွေကို ရှယ်ယာရှင်
တွေဆီခွဲဝေပေးဖို့ ဆုံးဖြတ်ရတာလဲ ”

ထယ်ဟျောင်းတွေဝေစွာနှင့်ရေရွတ်လိုက်မိသည်။
ဥက္ကဌကြီးကဒီလိုလုပ်မယ့်သူမျိုးတော့လုံးဝမဟုတ်ဘူး။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now