XI

2.1K 194 64
                                    

Uni

တစ်ပတ်ဆိုတဲ့အချိန်ကုန်ဆုံးသွားလေတဲ့အခါ
ချီကာဂိုကနေ ဆိုးလ်ကိုပြန်လာခဲ့ကြသည်။ ဆိုးလ်
မြို့ရှိအထပ်မြင့်အဆောက်အဦး တတော်များများပေါ်မှ
ပြသနေသော ယခင်အချိန်ကသူ၏ကြေညာများကို
တရွေ့ရွေ့သွားနေသောကားလေးထဲမှ ကြည့်မိရင်း
စိတ်ပျက်လက်ပျက်သက်ပြင်းချသည်။ အခုတော့
အနုပညာလောကမှာ ဂျွန်ဂျောင်ဂုတို့နေဝင်ချိန်ကမှန်း
ထားတာထက်စောနေပါရောလား။ ဒါတွေအားလုံးက
ဒီလူကြောင့်ဖြစ်လာရတာ~

“ ဟယ်လို... ပြော ဟိုဆော့ဟျောင်း အခြေနေက
ဘာထူးလဲ ”

“ ... ”

“ ဟင်... ဒါဆိုကျွန်တော်ခ‌ဏနေလာခဲ့မယ် ”

တစ်ခုခုအရေးကြီးပုံပေါ်နေသောထယ်ဟျောင်း၏
လေသံကြောင့်ထိုလူ့မျက်နှာက်ုအရိပ်တကြည့်ကြည့်
လုပ်နေမိသည်။

“ အိမ်ကိုမြန်မြန်မောင်းပေးပါ ”

ကားရှေ့ခန်းကဒရိုင်ဘာအားထိုသို့လှမ်းပြောပြီး
အိတ်ကပ်ထဲကိုဖုန်းပြန်ထည့်သည်။

“ ဘာဖြစ်လို့လဲ ”

“ ဘာမှ‌အထွေထူးမဟုတ်ပါဘူး... ”

ကိုယ်ကတိုတိုတုတ်တုတ်ပြန်ဖြေတော့သူကထပ်၍

“ ဘယ်ကိုသွားမှာလဲ... အခုမှပြန်ရောက်တာကို ”

“ အလုပ်ကိစ္စအရေးကြီးလို့... သိပ်မကြာပါဘူး
ကိုယ့်ကိုစိတ်မပူပါနဲ့ ”

“ ဘယ်သူကစိတ်ပူတယ်ပြောလိုက်မိလို့လဲ...
ကျွန်တော်သိချင်တာက ဘာ်အချိန်ပြန်ရောက်မလဲဘဲ
သိချင်တာ အိမ်မှာခင်ဗျားမရှိလေကောင်းလေမို့လို့
မြန်မြန်ပြန်မလာနဲ့ပြောမလို့ ”

စကားစးသန်းလေလျှင် သူ့ဘက်ကိုအမိအရသိမ်း
သွင်းပြောတတ်သူအား အမြင်မကြည်စွာပြန်ပြောတော့
ထိုလူကခပ်ဖွဖွပြုံးသည်ကိုမကြည့်နိုင်စွာနှင့်မျက်နှာကို
ကကားမှန်ဘက်ပြန်လွှဲထားလိုက်သည်။ လူကိုများ
ဘာမှတ်နေသလဲ။ချစ်လို့ကျီစားတယ်များမှတ်နေသလား။
ဝေးပါသေးတယ်။

“ အင်းပေါ့လေ... မင်းပြန်မလာစေချင်ရင်လည်း
သဘောပါဘဲ ”

မျက်နှာငယ်နှင့် မဲ့လေကာပြောဆိုပြီးလျှင်သူက

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now