XVIII

2.1K 178 19
                                    

Uni

သန်းခေါင်ယံမှာတစ်ချက်ချက်မြည်နေသော
နာရီသံကတစ်စတစ်စကျယ်လှောင်လာခြင်းကြောင့်
နိုးလာရသည်။အိပ်မှုန်စုံဝါးနှင့်ထထိုင်လိုက်ကဘေးဘီ
ဝဲယာအကြည့်ပို့သော် ဘေးကကင်မ်ထယ်ဟျောင်း
ကရှိမနေပါ အခန်းတံခါးကြီးကလည်းဖွင့်လျက်သား
ဖြစ်နေသည်ကတစ်ကြောင်း ဟိုလူဘယ်သွားတယ်
ဆိုသောသိချင်စိတ်နဲ့ကတစ်ကြောင်း ကုတင်ပေါ်က
ဆင်းကာတံးခါးဆီဦးတည်သည်။

အိမ်ပြင်ထွက်လိုက်သည်နှင့် ရေကန်စပ်နားကခုံတန်း
ရှည်မှာထိုငိနေသောသူကိုတနိးမြင်လိုက်ရသည်။
လရောင်အရေချရာရေကန်ပြာနားမှာ ထိုင်ကာ
ငေးနေသောကင်မ်ထယ်ဟျောင်းမှာထူးထူးဆန်းဆန်း
ရှပ်အင်္ကျီအဖြူနှင့်ဘောင်းဘီအဖြူကိုတွဲဝတ်ထား
သည့်ကြောင့် ‌လရောင်အောက်မှာသူဟာခပ်ထင်းထင်း
ဖြစ်နေခဲ့သည်။

တရွေ့ရွေ့လျှောက်သွားရင် သူ့အနားမရောက်
ခင်မလှမ်းမကမ်းမှာရှိနေသောကိုယ့်ခြေသံကို
ကြားသွားသည်ထင် လှည့်ကြည့်၍ ပြုံးပြကာ
အနားကိုလာဖို့ခေါ်၏။

“ လာလေ ဂျွန်~ ကိုယ့်မှာမင်းကိုပေးစရာလေးရှိတယ် ”

တိတ်ဆိတ်ငြိမ်သက်နေသောပတ်ဝန်းကျင်မှာ
ထွက်လာသော ခပ်ဩဩအသံဟာ သူ့စိတ်ကို
ညွတ်ကျစေနိုင်သည်နှယ် လေသံအေးအေးနဲ့
နွေးနွေးထွေးထွေးပြောဆိုသည့်အခါ နာခံတတ်
သွားသောနှလုံးသားမှာ သူခေါ်ရာကိုအရောက်
လှမ်းသွားသည်။

“ ဒီမှာထိုင်ဦး ဂျွန်~ ”

အနားရောက်သည့်နှင့် လက်ဖျားလေးကဆွဲကာ
သူ့ဘေးမှာထိုင်စေရင်းသူဟာဘောင်းဘီအိပ်ထဲမှ
တစ်ခုခုကိုထုတ်နေသည်။

“ ဒါကိုယ့်ဂျွန်အတွက် ကိုယ့်ရဲ့ချစ်သက်လက်ဆောင် ”

ဟော~ သူ့ရင်ထဲအမည်မသိခံစားချက်ကလေးက
လှိုက်ကာမောကာခံစားသွားရပြီ။

လက်ထဲမှာပါလာသောကတ္ထီပါဘူးနက်ကလေးထဲမှ
ဖြူဝင်းနေသောပုလဲလော့ကတ်နှင့်ရိုးရိုးရှင်းရှင်း
ကလေးလှနေသောဆွဲကြိုးလေးကိုထုတ်ပြရင်း
သူကပြုံးလို့ရွှင်လို့ပြောလာသည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now