VII

2.3K 203 20
                                    

Uni



“ ဘယ်သွားမလို့လဲ ”

နေ့ချင်းကြောင်တောင်ကြီးအရေးကြီးနေပုံနဲ့ဖုန်း၊ပိုက်ဆံ
အိတ်ကိုကိုင်၍ လှေကားပေါ်ကသွက်သွက်လက်လက်
ဆင်းပြီး အပြင်ထွက်တော့မယ့်ထယ်ဂျောင်းကြောင့်
အပြင်သွားမယ်ထင်ကာမေးလိုက်မိသည်။

“ ကိုယ်ချိန်းထားတာလေးရှိလို့... မကြာပါဘူး
မြန်မြန်ပြန်ခဲ့မယ်~ ဘမ် နဲ့နေခဲ့နော်... ဟိုဟိုဒီဒီ
လျှောက်မသွားနေနဲ့ဦး ”

မနားတမ်းပြော၍ကားသော့ဆွဲကာထွက်သွားသူအား
အလိုမကျစွာနှင့် လက်ထဲကတီဗွီရီမုကိုရောက်တတ်ရာရာ
ပစ်ပေါက်လိုက်မိသည်။ သူဘာပြောချင်လဲတောင်
စောင့်နာမထောင်ဘဲ ထွက်သွားရလောက်အောင်
ဘာတွေများအရေးကြီးနေလို့လဲ။

တစ်ပတ်ကျော်ကျော်လောက်အိမ်ထဲအောင်းနေရတာ
သူလည်းပျင်းလာပြီးကြာရင်နေရောင်မရလို့ အားအင်
ချိနဲ့ပြီးမှိုင်ထွေလေးလံကာ အပျင်းရောဂါကစွဲကပ်တော့
မယ်။ တစ်ကယ်ဒီလူနဲ့သူနဲ့ကတစ်စက်ကလေးမှအကြောမတည့်အစေးကပ်မနေပါ။

ပြန်လာပါစေဦး။ သည်းခံတယ်ဆိုတာလည်းအတိုင်းအတာ
ရှိကြောင်းကိုဒီလူသ်ိအောင်ပြရဦးမယ်။ တွေ့ကြသေးတာပေါ့။

ကုမ္ပဏီရဲ့ကန်တင်းမှာစောင့်နေပါတယ်ဟုပြောတာ
ကြောင့် သူကမန်းကတန်းထွက်လာခဲ့ရသည်။
ချိန်ဆိုမှုကိုမေ့သွားကာ ညကအိပ်တာညဉ့်နက်
သွားသည်ကြောင့် စောင့်နေရတဲ့ထိုလူကိုအားနာရပြန်
သည်။

“ စောင့်နေရတာကြာသွားလား... ”

ကန်တင်းထဲရောက်တော့ လက်ပြ၍ခေါ်သူကို
တွေ့မှ အပြေးအလွှား‌မျက်နှာချင်းဆိုင်မှာဝင်ထိုင်
လိုက်သည်။အရင်ရောက်နေသူဖြစ်တာမို့အားနာစိတ်
နဲ့သိတတ်မှုရှိစွာမေးတော့ထိုလူကခပ်ပြုံးပြုံးနှင့်ပြန်ဖြေသည်။

“ မကြာသေးပါဘူး ကျွန်တော်လည်းခင်းဗျား
ရှေ့လေးတင်ရောက်တာ... ဒါနဲ့ခင်ဗျားပြောစရာရှိ
လို့ဆိုတာက ... ”

“ ကျွန်တော်ပြောချင်တာထက်သိချင်တာရှိတာပါ...
ဥက္ကဌဂျွန်ရဲ့သေဆုံးမှုက ရဲလက်ထဲကိုလူသတ်မှုနဲ့
ရောက်သွားပြီးဘာလို့လူသေမှုနဲ့အမှုကို မြန်မြန်
ပိတ်ပစ်လိုက်ရတာလဲသိချင်တာပါ... ခင်ဗျားက
အဲ့မှုကိုကိုင်ခဲ့တဲ့ စုံထောက်လည်းဖြစ်နေတော့
ကျွန်တော့်ကိုပြောပြပေးနိုင်မလား... ဖုံးကွယ်
ထားတာကို မိသားစုဝင်တစ်ယောက်အနေနဲ့
သိချင်ရုံပါ ”

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now