XV

1.8K 166 11
                                    

UNI

ဒေါက်~ ဒေါက်~

တံခါးကိုခပ်စစနှစ်ချက်ခေါက်သည့်အသံကြောင့်
အလုပ်ထဲစိတ်ရောက်နေရာကအာရုံတွေပျံ့လွှင့်
သွားရသည်။

“ ဝင်ခဲ့ပါ ”

အသံပြုလို့အထဲဝင်ခိုင်းသည့်အခါ ရောက်လာသူက
ဂျောင်ဂုအမေဖြစ်နေသည်။ မလာစဖူးလာသည်မို့
လုပ်လက်စကိုပစ်ထားမိကာ ထိုအမျိုးသမီးကိုအံဩ
လျက်ငေးကြည့်မိသည်။

ဆင်စွယ်‌ေရာင်ပိုးသားရှပ်လက်ရှည်နှင့် ခြေသလုံး
လယ်ထိရောက်သောကိုယ်ကျပ်စကပ်နက်နှင့်အမျိုး
သမီးကအရင်ကလောက်တက်ကြွမနေဘူး။ သူထိုင်
တောက်မထိုင်နိုင်ဘဲ သက်ပြင်ရေးရေးချကာ
ထယ်ဟျောင်းအားငေးနေပြီးနောက်မှ ဆိုဖာပေါ်ထိုင်
လိုက်မိသည်။

“ ဘာကိစ္စများရှိလို့ပါလဲ အန်တီ ”

ရိုသေသမှုနှင့်အသံပြုလိုင်သည့်အခါ သူ၏မ၏
မျက်ဝန်းအိမ်များကကိုယ်ဆီမှာအခြေချသည်။

“ မြောင်အို့အမှုကိုပြန်လိုက်နေတယ်ဆို~ "

“ ဟုတ်ပါတယ်... ကျွန်တော့်စိတ်ထဲမသင်္ကာတာလေး
နည်းနည်းရှိနေလို့လေ... ”

“ ပြီးခဲ့တဲ့ကိစ္စတွေကိုမင်းကဘာလို့လိုက်တူးဆွနေသလဲ
သွားတဲ့လူကလည်းသွားပြီ... သေပြီးနေတဲ့ငါ့ယောကျာ်း
ကိုအေးချမ်းစွာနေခွင့်ပေးလိုက်ပါတော့လား ”

‌သူမလေသံတွေကမညီမညာနဲ့ မျက်ဝန်ထဲမှာမြင်တွေ့
နေကျမာ‌နရောင်များတောင်လျော့ကျနေသည်။
ကိုယ်တစ်ချက်ပြုံးမိလိုက်ပြီး သူမကိုတစ်ချက်စိုက်ကြည့်
လိုက်၏။

“ လောကကြီးကနေအစောကတည်းကမအေးချမ်းစွာ
ထွက်ခွာသွာရတဲ့သူက...တမလွန်မှာအေးချမ်းစွာနဲ့
နေနိုင်မယ်လို့ အန်တီထင်နေတာလား ”

ဂုဟီး၏မျက်နှာကွက်ခနဲ့ပျက်သွားသည်။ ဆိုဖာမှာ
ထိုင်ရာကနေမတ်တပ်ထရပ်လို့သူဒေါကြီးမောကြီးနဲ့
တား၏။

“ အဲ့ဒါကမင်းနဲ့ဆိုင်လို့လား ... မင်းကဘာဆိုင်လို့
ဒီကိစ္စကိုအစပြန်ဆွဲနေရတာလဲ... ငါမင်းကိုရှင်းရှင်းဘဲ
ပြောမယ် အဲ့ဒီအမှုကိုပြန်ပိတ်လိုက်ပါ... နောက်ဆက်
တွဲဆိုးကျိုးတွေကိုမင်းမခံစားရခင် ”

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now