III

3.2K 252 28
                                    

Warning: sexual violence sence will include in this episode.


Uni

“ စားလိုက်...  ”

ညတွင်းချင်းFilghtနဲ့လိုက်လာခဲ့ပြီး ရောက်ရောက်ချင်း
ဝယ်လာသည့်စားစရာကို သုံးလေးရက်အစာငတ်ခံထား၍
အားအင်ချိနဲ့နေသူကိုကျွေးတော့ တုတ်တုတ်မလှုပ်ဘဲ
စားစရာကိုငေးကြည့်သည်။

“ ဘာလဲဝါးကျွေးမှစားမှာလား ”

ထိုသို့ပြောတော့စူးစူးရဲရဲမျက်လုံးဝိုင်း၏အကြည့်များက
သူရှိရာကိုစိမ်းစိမ်းကားကားရောက်ရှိလာသည်။

“ မစားလို့မရဘူး... လက်ထပ်ပွဲအတွက်ချုပ်ထားတဲ့
ဝတ်စုံ‌တွေနဲ့မတော်‌တော့ရင်မလှဘဲနေလိမ့်မယ် ~ ”

“ မင်းတတော်လွန်လွန်းနေပြီနော် ကင်မ်ထယ်ဟျောင်း!
လက်ထပ်စာချုပ်ရှိနေပြီဘဲ... လက်ထပ်ပွဲဆိုတာက
ဘာသဘောလဲ ”

“ ဟ! ဘာသဘောရမှာလဲ... အခုကိုယ်ကမင်းတို့သားအမိမြင်နေတဲ့လမ်းဘေးကဂျစ်ပစီကောင်မှမဟုတ်တော့ဘဲ
လက်ထပ်ပွဲလုပ်လည်း မင်းမျက်နှာငယ်စရာအကြောင်း
မရှိပါဘူး... ”

“ ရှိရှိ မရှိရှိ... အဲ့ဒီလက်ထပ်ပွဲကိုငါလက်မခံနိုင်ဘူး ”

“ ဒါဆို မင်းကတိတ်တိတ်ပုန်းလက်ထပ်ပြီး
ဗိုက်တစ်လုံးရမှ လူသိရှင်ကြားကြေညာမယ်ပေါ့ ”

“ မင်းဘာစကားပြောတာလဲ! ”

စူးစူးရှရှအော်သံတွေဟာ တစ်ခန်းလုံးပြည့်နက်သွား၏။
ချက်ကောင်းထိသွားသောထယ်ဟျောင်း၏စကားလုံး
တွေကြောင့် ဂျောင်ဂုတို့စပ်စပ်ခါအောင်နာကျင်သွားရသည်။

“ မင်းဘယ်လောက်ဖုံးကွယ်ကွယ် မင်း pheromone
နံ့တွေကတော့သက်သေပြနေခဲ့တာ... မင်းက အိုမီဂါ
တစ်ယောက်ဆိုတာကိုလေ ”

ခါးသွယ်သွယ်ကိုတိုးဖက်လို့နားနားကပ်ရင်း
ပြောသော ထယ်ဟျောင်း၏အသံတွေဟာနားထဲမှာ
ပဲ့တင်သံလို ထပ်ခါတလဲလဲ ကြားယောင်နေသည်။

ဒီလူသိမှာစိုးလို့ မရမကဖုံးကွယ်ခဲ့သော အရာကို
တစ်ခဏအတွင်းမှာဘယ်လိုများသိသွားပါလိမ့်။
အိုမီဂါဆိုသည်နှင့် အယ်လ်ဖာတိုင်းအမြင်မှာသူတို့
ခြွေတိုင်းကြွေရမယ့်ပန်းလို ပြသမျှနုနေရမှာကိုသူ
သိပ်မုန်းခဲ့တာ။ ဒါကြောင့်ဘဲ ဆေးတွေအမျိုးမျိုး
သုံးပြီး သူဟာအိုမီဂါတစ်ယောက်ဆိုတဲ့ဖြစ်တည်မှု
ကိုတောင်မေ့လျော့စွာနေနေခဲ့တာကို သူကဘယ်လို
လုပ်ပြီးသိနေရတာလဲ။ အနှစ်နှစ်အလလ မေ့ဖျောက်
နိုင်ခဲ့သော အနာဟောင်းကိုတုတ်နဲ့စွသလိုဘဲ ရင်ထဲ
ကနာကျင်မှုကပြင်းပြင်းထန်ထန်နှင့်။ ပါးပြင်ထက်
ကိုယိုဖိတ်စီးကျလာသောမျက်ရည်စတွေကိုတောင်
သူသတိမထားမိတော့လောက်အောင်ဖြစ်နေသည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now