IX

2.1K 204 45
                                    

Uni



“ ဒီနေရာကိုဘာလုပ်ဖို့လဲ ”

ချီကာဂိုကိုရောက်ရောက်ချင်း မြို့တွင်းကသုဿန်
တစ်ခုဆီတန်းလာခဲ့သည်။ သုဿန်တံခါးဝမှာကား
ရပ်လိုက်လျှင်တစ်လမ်းလုံးတိတ်ဆိတ်ငြိမ်သက်စွာ
လိုက်ပါလာသော ဂျောင်ဂုမှာလှုပ်လှုပ်ရှားရှားဖြစ်
လာကာမေးခွန်းထုတ်၏။

“ ကိုယ့်အမေကိုသွားတွေ့မလို့... လိုက်ချင်ရင်လည်း
လိုက်ခဲ့... မလိုက်ချင်ရင်လည်းကားထဲမှာဘဲ‌နေပေါ့
ကိုယ်ကနည်းနည်းတော့ကြာမှာ ”

ပြောပြီးသည်နှင့်ပန်းစီးကိုင်၍ဦးစွာဆင်းသွားသော
သူနောက်သူလိုက်ခဲ့မိလိုက်သည်။ ဒီမှာတစ်ယောက် တည်းဘာလုပ်ရမှာလဲ။ ထိုလူကသူအမေဆီသွားမယ်ပြောတော့နည်းနည်းအံ့ဩသွားသည်။ အတူတူနေလာတဲ့တစ်လျှောက်လုံးဒီလူကို မိဘမဲ့၊ဂျစ်ပစီကောင်လို့ဘဲသတ်မှတ်ခဲ့တာကိုး။

ဘုရားကြောင်းနောက်တစ်ခုတည်းရှိနေသောအုတ်ဂူ
ကလေးမှာသစ်ရွက်ခြောက်တွေဖုံးလို့။ မြေပြင်ပေါ်ဒူး
ထောက်ထိုင်ချလိုက်ကာ ပန်းစီးက်ိုအသာချလို့သစ်
ရွက်ခြောက်များကိုသူလက်နှင့်သပ်ချလိုက်သည်။

အုတ်ဂူခေါင်းရင်းမှာထောင်ထားသည့် ဖုန်တက်နေသောဓာတ်ပုံကလေးကိုယူ၍ သူ၏လောင်းကုတ်နှင့်သုတ်လိုက်သည်။

“ သူကလှတယ်မလား~ ”

“ အင်း... အရမ်းလှတယ်~ မျက်လုံးတွေက
အလှဆုံးဘဲ ”

ခပ်တိုးတိုးနှင့်စို့နင့်ကြေကွဲသယောင်ဆိုလာသော
ကင်မ်ထယ်ဟျောင်းနည်းတူသူပါ‌‌ဘေးမှာထိုင်ချ
လိုက်ရင်းသူလက်ထဲရှိဓာတ်ပုံထဲအအမျိုးသမီး
တစ်ဖြင့်လည်းထယ်ဟျောင်း၏အမေပုံကိုကြည့်၍
သူပြန်ပြောလိုက်၏။

နောက်တော့သူ့အမေ၏ဓာတ်ပုံကိုအချိန်အကြာကြီး
ငေးကြည့်နေသော ထယ်ဟျောင်းမျက်နှာကိုပြန်ကြည့်
လိုက်မိသည်။ ကင်မ်ထယ်ဟျောင်းဟာသေချာကြည့်
လျှင် သူ့အမေအမေရိကန်အမျိုးသမီးနဲ့သိပ်တူသည်။
အတူဆုံးကတော့ ရှည်လျားသည့်မျက်တောင်များ
ဝန်းရံထားသောစူးရှလှပသည့်မျက်ဝန်းတစ်စုံဘဲ။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now