II

3.1K 253 18
                                    

Uni

အိပ်ရာပေါ်မှာနှစ်ခြိုက်စွာအိပ်မောကျနေသော
သူကိုကြည့်မိတော့ ပကတိအေးချမ်းနေလိုက်တာ။
မဟူရာချောက်နက်လို လူတစ်ယောက်ကိုပြုစားတော့မယ့်မျက်ဝန်းလေးတွေမှိတ်ထားကာ ပါးလှပ်လှပန်းရောင်နှုတ်ခမ်းပါးလေးကဟလို့ အပြစ်ကင်းစွာအိပ်ပျော်နေသည်ကိုမြင်တော့ စတွေ့စအချိန်ကိုသတိရသွားသည်။

လွန်ခဲ့သောနှစ်နှစ်ဆယ် ‌ဆောင်းရာသီမှာ သူနဲ့စဆုံ
ခဲ့တယ်။ထိုအချိန်ကတော့ကလေးအတွေးနှင့် ရှစ်နှစ်အရွယ်
ထိုကလေးဟာ ဆယ်နှစ်အရွယ်သူ့ကို ဖခင်လုယူခံရလို့
ရန်စွယ်တငေါငေါနှင့် ရန်ထောင်ရုံသာလို့တွေးခဲ့တာ။

သို့သော် အရွယ်ရောက်လာသည်နှင့်သိရလာတာက
ရန်ထောင်ရုံမဟုတ်ဘဲ အမုန်းတွေအငြှိုးအတေးတွေ
နှင့်ထိုကလေးကိုဒုက္ခရောက်စေမယ့်လက်တစ်စုံရှိနေ
ခဲ့တာကိုပေါ့။ ထိုကြောင့် အချိန်မနှောင်းခင်ပြန်ပြု
ပြင်ဖို့ ထိုလက်တစ်စုံနှင့်ကင်းဝေးအောင် ဒီကလေးကို
‌ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတဲ့ကတိပေးခဲ့တာ။

လှိုင်းတွန့်သဏ္ဍာန်ဆံနွယ်ရှည်ရှည်တွေကိုသပ်တင်ပေးရင်း
နဖူးပြင်ကိုဖွဖွနမ်းရှိုက်မိသည်။ ဒီနေတော့ဒီအတိုင်းတာလောက်နှင့်ဘဲကျေနပ်လိုက်ရသည်။ ဒီနေ့တော့ ကိုယ့်အရိုင်းပန်းကလေးအားအင်ကုန်ခမ်းပင်ပန်းနွမ်းနယ်သွားရင် နောက်ရက်တွေကျ စူးတောင်လေးတစ်ကားကားနှင့်ရန်မတွေ့နိုင်ရင် သူနေတတ်မယ်မထင်ဘူး။
.
.
.
မနက်စောစော နေအလင်းရောင်ကြောင့် အိပ်ရာပေါ်
ကခန္ဓာကိုယ်မှာတွန့်လူးလာသည်။ ပျင်းကျောဆန့်ရင်း
ရုတ်တရက်မနေ့ကအဖြစ်ကိုပြန်တွေးမိလေတော့
အိပ်ရာကနေဆက်ခနဲထထိုင်မိလိုက်၏။ မျက်ဝန်းဝိုင်း
တွေက မရင်းနှီးသောအခန်းပတ်ပတ်လည်ကိုစိမ်းကား
စွာ လှည့်လှည်ရှူစားသည်။ တစ်နေရာအရောက်ဆိုဖာလက်ရန်းကနေကျော်ထွက်နေသော ခြေထောက်တစ်ဖက်
ကြောင့်ကုတင်ပေါ်ကဆင်းကထိုအနားကိုရောက်လာသည်။

စတီခုံပေါ်မှာလက်ပ်‌ေတာ့ကဖွင့်လျက်သားဆိုဖာပေါ်တွင်တော့အင်္ကျီဗလာနှင့်ဂျစ်ပစီကောင်ဟာ‌မှောက်လျက်အ‌နေအထားဖြင့်အိပ်မောကျနေသည်။ ဒီလူကိုဘယ်လိုနှိုးရမလဲဟု
စဉ်းစားတော့ လက်က်ပ်တော့ဘေးက စာရွက်ကိုမြင်လျှင်
သိလိုစိတ်ကြောင့်ကောက်ယူ၍ကြည့်မိလိုက်သည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now