XXII

1.8K 156 17
                                    

Uni

လက်ခုံတစ်ဝက် ပွန်းပဲ့ပြဲကွဲနေရာအရေပြားထက်မှာ
သွေးစများကခြောက်ကပ်ကုန်ပြီ။ ပွစာကျဲနေသော
ကြမ်းပြင်ထက်မှ ပစ္စည်းများကြားက ဖုန်းကိုယူ၍
တစ်နေရာဆီဆက်သည်။

“ ဟယ်လို.... ဟျောင်း ~ ကျွန်တော့်အမှုကိုပါဝါ
ပြန်ရုတ်ပေးပါလား ကျွန်တော်_ ကျွန်တော်ဒါကို
ဆက်မလုပ်နိုင်တော့ဘူးထင်တယ် ”

နှုတ်ခမ်းလွှာများတစ်ဆက်ဆက်တုန်ရီကာ
ပခုံးတွေလှုပ်ခတ်သည်အထိ တစ်ရှုံ့နှင့်ငိုကျွေးသည်။
ထိုမျှသပြော၍ဖုန်းချကာကြမ်းပြင်ပေါ်ထိုင်‌နေရာက
ကုန်းကျုံးထသည်။တစ်နေကုန်အောင်ထိုင်နေပြီး
ဗလာနတ္ထိဖြစ်နေသောစိတ်အားသေချာစုစည်းမိသည်။ဖြစ်လာသမျှအခြေအနေကို ရှောင်ပြေးနေမယ့်အစားရင်ဆိုင်ဖြေရှင်းလိုက်တာပိုကောင်းရောပေါ့။

မျက်နှာတစ်ခွင်မှမျက်ရည်စများကိုခပ်ကြမ်းကြမ်း
ဖိသုတ်ပစ်ကာ လေးတိလေးကန်ခြေလှမ်းများနှင့်
ဂျွန်ရှိရာ ကိုယ်ရဲ့အိမ်ဂေဟာအားပြန်ခဲ့သည်။
.
.
.
.
.
တံလျှပ်မြိတ်အောက်မှာ ကားကိုထိုးရပ်ကာအိမ်ထဲ
ဝင်လာသည်။ တိတ်ဆိတ်နေသောကိုယ်တို့၏အိမ်
ဂေဟာမှာ ကိုယ့်ဆည်းလည်းလေးကိုအရိပ်ယောင်
မျှပင်မတွေ့ရပေ။

ဧည့်ခန်းကိုဖြတ် အိပ်ခန်းဆီကိုဦီးတည်လာတော့
ကုတင်ထက်မှာ ကျောပေး၍အိပ်ပျော်နေသူအား
တွေ့ရလေသည်။

' ဗင်းန်ဆင့်ခရီးသွား‌အေဂျင်စီ၏ စီးအီးအို
ကင်မ်ထပ်ဟျောင်းမှ တရားလိုလုပ်၍ Balance
ကုမ္ပဏီလီမိတက်၏ဥက္ကဌ နာဂုဟီးအား လူသတ်မှု
ဖြင့်တရားစွဲဆိုလိုက်ကြောင်း.... '

တီဗွီဖန်သားပြင်ထက်မှသတင်းကြေညာချက်အား
ဆုံးအောင်နားမထောင်မိဘဲ ခလုတ်နှိပ်၍ပိတ်လိုက်
သည်။ အိပ်ပျော်နေသောဂျွန့်လက်ထဲကဖုန်းကိုအသာ
ယူကြည့်တော့ ထိုသတင်းမှာ social media
တစ်ခွင်မှာဟိုးလေးတစ်ကျော်ကျော် ဖြစ်နေသည်။
ရှိုက်သံလေးတစ်စွန်းတစ်စထွက်၍အိပ်ပျော်နေသော
ဂျွန့်ပါးပြင်ထက်မှာမျက်ရည်စများနေရာ‌ယူထားသည်။

အခုလောက်ဆိုဂျွန်သိထားပြီးရောပေါ့။ဘာမှမသိသော
အဖြူထည်လူသားမှာသူ့အမေဖြစ်သူအား မတရားစွဲ
သည်ဟူ၍ ဒေါထွက်ကာ ကိုယ့်ကိုမုန်းတီးနေရောပေါ့။
မုန်းတီးပြီးရင်း မုန်းတီးသွားရင် ကိုယ်ကခွင့်လွှတ်မှုကို
မတောင်းခံထိုက်တော့ဘူးဆိုတာနားလည်သည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now