XVII

2K 155 15
                                    

Uni

ခန္ဓာကိုယ်တွင်းပူထူလှိုက်တက်လာသောခံစားချက်
တစ်စုံတရာနှင့်အတူ ဂွမ်းစောင်ထူထူမွေ့ယာအိအိ
ပေါ်မှာ ခပ်ကွေးကွေးတိုးဝင်အိပ်စက်နေရာမှနိုးလာ
သည်။

မ‌ပျက်ပြယ်သေးသည့်သက်ဆိုင်သူ၏ရနံ့များဟာ
မှန်နံရံနှင့်ဖွဲ့စည်းထားသည့်အခန်းငယ်ထဲပျံ့
နှံ့နေသည်ကို ရှူရှိူက်မိပါလျှင် လိုအင်ဆန္ဒလေးက
ပိုတိုး၍ဖြစ်လာသည်။ ခဲပြာရောင်မျက်ဝန်းလေးများ
ကတလက်လက်တောက်ပနေသည်။

‌တစ်ဖက်ကိုလှည့်၍ဟိုလူကိုရှာသည့်အခါ လစ်လပ်
နေသောအိပ်ရာတစ်ဖက်ကသူ့ကိုဆီးကြို၏။ ကိုယ်
တွင်းအပူချိန်ကြောင့် ချွေးစလေးများပါစို့လာလျှင်
သူစောင်ကိုဖယ်၍ထထိုင်လိုက်သည်။

ကြယ်သီးမတပ်ထားသော ရှပ်အဖြူလက်တစ်ဖက်က
ပခုံးကျော်အောင်လျောကျနေသည်။ နီဆွေးဆွေးကိုက်
ရာများကနို့နှစ်ရောင်အသားရေပေါ်မှာပနံသင့်စွာတည်
ရှိနေသည်။ ဘောက်ဆာအနက်တစ်ထည်သာဝတ်ထား
သောကြောင့် ပေါင်တံဖွေးဖွေးမှာလဲ လက်ရာနှင့်ကိုက်ရာ
တစ်ချို့ရေးရေးလေးတည်ရှိနေသည်။

“ ကင်မ်ထယ်ဟျောင်း~ ”

တိတ်ဆိတ်ငြိမ်သက်နေသောပတ်ဝန်းကျင်ကြောင့်
ထိုလူအားမနေနိုင်စွာတမ်းတမိသော်လည်း ရောက်
မလာသေားပါ။ အင်္ကျီလက်ကိုပြန်ဆွဲတင်ရင်းကုတင်
ထက်မှအသာလျှောဆင်းကာ အခန်းတံခါးကိုဖွင့်၍
အပြင်ဘက်သို့ထွက်လာခဲ့သည်။

ဆိုဖာပေါ်မှာအပေါ်ဗလာနဲ့ လက်ပ်တော့တစ်လုံးဆီ
အာရုံရောက်နေသလို စီးကရက်ကိုလည်း တစ်ချက်
တစ်ချက်အဖွာမပျက်တဲ့ ကင်မ်ထယ်ဟျောင်းကို
မြင်လေမှ ဆောက်တည်ရာမရတဲ့စိတ်တွေအေး
ချမ်းသွားသည်။

အဝေးကနေရနေသော သင်းသင်းပျံ့ပျံ့ရနံ့များ
ကြောင့် လားရာနေရာကိုအကြည့်တွေစွန့်မိလိုက်သည်။
သူ့အနားတစ်ရွေ့ရွေ့လျှောက်လှမ်းလာသော ဂျောင်ဂု
ဟာအနားရောက်သည်နှင့် ပေါင်ပေါ်မှာခွေထိုင်၍
ပခုံပေါ်မေးတင်ကာလည်တိုင်ကိုသိုင်းဖက်သည်။

“ ဂျွန်ဆေးမသောက်ထားဘူးလား ”

“ ဆေးတွေ... ဆက်မသောက်ချင်တော့ဘူး~ ”

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now