XXI

1.7K 140 10
                                    

Uni

“ လုပ်ငန်းစုကိုဖျက်သိမ်းပြီး ရှယ်ယာတွေခွဲဝေမယ်
ဟုတ်လား မြောင်အို... ရှင်ဘာတွေလုပ်နေတာလဲ
ဒီလောက်ထိရောက်လာပြီးမှ ဖျက်သိမ်းမယ်ပေါ့ ”

“ ကိုယ်လည်းအဲ့လိုမလုပ်ချင်ပါဘူး... ဒါပေမယ့်
အဲ့လိုမှမလုပ်ရင် ကိုယ်တို့တစ်မိသွားစုလုံးဒုက္ခရောက်
သွားနိုင်တာ မင်းသိရဲ့လား ”

မခံမရပ်နိုင်ဖြစ်ကာပြောသောစကားများဟာ
မြောင်အို့စကားအဆုံးပြတ်တောက်သွားသည်။
နားမလည်းသောမျက်ဝန်းများနှင့်စိုက်ကြည့်သည့်
အခါမြောင်အိုကသက်ပြင်းသဲ့သဲ့ချ၏။

“ ရှင်ဘာကိုဆိုလိုချင်တာလဲ ”

“ ဘဲ့ဂွမ်ချော... သူကကိုယ့်ကိုခြိမ်းခြောက်နေတယ်
ကုမ္ပဏီရှယ်ယာတွေကို ခွဲဝေမပေးဘဲ ထယ်ဟျောင်း
ကိုသာကုမ္ပဏ်ကိုလက်လွဲပေးလိုက်ရင်... ကိုယ်တို့
တစ်မိသားစုလုံးကိုသတ်ပစ်မယ်တဲ့ ”

“ ဟာ... အရေးမပါတာ! ရှင်ကအဲ့လောက်လေးနဲ့
သွေးပျက်နေတာလား မြောင်အို! ”

နာဂုဟီးကထိုင်ရာကနေထကာ ဒေါသတကြီးအော်၏။
ထိုင်နေသောဂျွန်မြောင်အိုမှာ ဇနီးဖြစ်သူအားပြန်ထိုင်
စေကာ ဒေါသကိုချုပ်တည်းဖို့ဖြောင်းဖြပြန်သည်။

“ ဂုဟီးကလည်းကွာ... ကိုယ်ပြောတာကိုဆုံးအောင်
နားထောင်ဦးလေ~ ကိုယ့်မှာသာမင်းတို့မရှိရင် ဒီလို
ကောင်ကိုမုမနေဘူး... ပြီးတော့ရန်ကိုလည်းရန်နဲ့တုံ့
ပြန်လို့ဘယ်ဖြစ်မလဲကွာ... သူကကိုယ်တို့လိုရိုးရိုးသား
သားနဲ့ လုပ်ငန်းထူထောင်စားတယ်ထင်နေတာလား
သူ့မှတရားမဝင်လုပ်ငန်းတွေအများကြီးရှိတယ်...
မင်းတို့ကိုယ်တို့ထင်ထားတာထက်အများကြီး
အင်အားကြီးတယ် ဂုဟီးရဲ့~ ကိုယ်ပြောတာကိုမင်း
သဘောပေါက်တယ်မလား ”

“ မသိဘူး! သူဘာကောင်ကြီးဘဲဖြစ်နေပါစေ
ကျွန်မဂရိုမစိုက်ဘူး... ”

ဟူ၍ပစ်ပစ်ခါခါပြောထိုကာထထွက်လာခဲ့သည်။
ကျန်နေခဲ့သောမြောင်အို့ဘက်ကိုနည်းနည်းလေးမှ
မစဉ်းစားဘဲ ထင်ရာတွေတဇွတ်ထိုးလျှောက်လုပ်
ခဲ့မိသည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now