V

2.6K 236 27
                                    

Uni

ခိုက်ခိုက်တုန်နေအောင်ချမ်းအေးလှသောဒီဇင်ဘာ
ဆောင်းရာသီမှာအများအပြားကျနေသည့် လမ်းဘေး
နှင်းပုံကြားထဲက ကားမှတ်တင်လေးမှာသူတစ်ယောက်ထဲ
ကုတ်ကုတ်ရို့ရို့ကလေးကွေးနေသည်။

နေစရာမရှိ၊ နားစရာမရှိ၊ သွားစရာမရှိ၊ လာစရာမရှိ
တဲ့သူခင်ဗျာ ဒီနေရာမှတဝဲလည်လည်နှင့်။ဒီနေရာကို
ရောက်နေတာ သုံးရက်လောက်ရှိပြီ။ လမ်းဘေးရောက်နေသောဆယ်နှစ်အရွယ်ကလေးငယ်မှာ ဘယ်သွားလို့ဘယ်လာ
ရမှန်းမသိပေမယ့်လည်း တစ်ခြားလမ်းမှာမရောက်သွားရန်စဉ်းစားဉာဏ်ရှိစွာထိုနေရာကလေးမှာဘဲနေတတ်၏။

တစ်နေ့တစ်နေ့ဘာနဲ့ဝမ်းစာဖြည့်လည်းဆို သူလွတ်‌ေမြာက်လာခဲ့ရာဆိုးရွားလှသည့်နယ်ပယ်က မကောင်းသောအတတ်
ကလေးနှင့် ဝမ်းစာဖြည့်သည်ဆိုပါတော့။ ထိုနေဟာကံကောင်းသည်ဟုဘဲပြောရမလား၊ ကံဆိုးသည်ဟုဘဲပြောရမလား။ သူခါးပိုက်နှိုက်ခဲ့သည့်ပိုက်ဆံအိတ်မှာ ‌ဥက္ကဌကြီး
၏ပိုက်ဆံအိတ်ဖြစ်နေလေ၏။

သူဟာလျင်မြန်ပါးနပ်တဲ့ဥက္ကဌကြီးရဲ့လက်မှာမိသွား
သော်လည်းဘဲ စိတ်ရင်းကောင်းသည့်သူဖြစ်တော့
ကံဆိုးသူမောင်ရှင်ကလေးမှာ ဆင်းရဲတွင်းမှလွတ်လာရသည်။

စုတ်ပဲ့ပဲ့ နုံချာချာသူ့ကိုမရွံမရှာဥက္ကဌကြီးမှာသူ၏
လက်ဖျားများကိုဆွဲကိုင်ကာ ဆုံးမနေသည်ကိုပြန်မြင်
ယောင်ရင်ဝမ်းနည်းစိတ်ကလှိုက်တက်လာသည်။
ဒီလိုလူမျိုးကိုမှဘာဖြစ်လို့လောကကြီးကနေအစောဆုံး
ခေါ်ထုတ်သွားရသလဲ ဘုရားသခင်။

မလှခဲ့သောအတိတ်က ရင်ထဲစွဲနေသောအမှတ်တရများကို
ခြေရာပြန်ကောက်တော့....

ထိုသို့နှင့် ဥက္ကဌကြီး၏စည်းရုံးမှုနဲ့ သူ၏အိမ်ကိုလိုက်
ပါလာသူကလေးမှာ ထိုနေ့ကတအားစိတ်လှုပ်ရှားနေ
ခဲ့တာ။ ဦးလေးကြီးကပြောတယ်။ ဦးလေးကြီးအိမ်ကို
လိုက်ရင် ညီလေးရှိတယ်။အဲ့ဒီ့ညီလေးနဲ့အတူဆော့ရမယ်။
အဲ့ဒီ့ညီလေးနဲ့အတူကျောင်းလည်းတက်ရမယ်တဲ့။
ဤသည်နှင့်အဖော်မက်သောကလေးငယ်မှာအိမ်ကိုလိုက်ပါလာတော့သည်။

တိုက်ခံအိမ်အကြီးကြီးမှာခြံဝန်းထဲမှာ ခန့်ညားထည်ဝါ
စွာတည်ရှိနေပြီး ဆင်ဝင်အောက်တွင်ကားကိုထိုးရပ်
လိုက်သည့်အခါ ဦးလေးကြီးဟာသူနှင့်အတူသူ့ကို
ကားပေါ်ကဆင်းစေ၏။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now