VIII

2.3K 202 13
                                    

Uni


“ သက်သေကဒီမှာ... အခင်းဖြစ်တဲ့နေရာမှာ
ကျွန်တော်တွေ့လာတာ... ဓာတ်ခွဲခန်းကိုပို့လိုက်တော့
ရုတ်တရက်နှလုံးရပ်စေနိုင်တဲ့ ဆေးပါတဲ့... အဲ့ဒီ့ဆေးကြောင့် ကျွန်တော်တို့ကသေဆုံးသူကိုမှုခင်းဆေးဌာန
ပို့ပြီး ရင်ခွဲစစ်ဆေးမယ်ဆိုတော့ မိသားစုဝင်က
လက်မခံတာနဲ့ မစစ်ဖြစ်လိုက်ရပါဘူး  ”

စခန်းကိုရောက်ရောက်ချင်း ယွန်ဂီကသက်သေဆေး
ဘူးကိုထုတ်ပြ၍သေသေချာချာပြောပြနေသည်။
သူတစ်ယောက်တည်းဆို ဘာပြောရဘာဆိုရမှန်း
မသိတာနဲ့ ဟိုဆော့ဟျောင်းကိုပါမရမက အတင်း
ခေါ်လာခဲ့တာဖြစ်သည်။

အရင်က အမှုစစ်လုပ်ဖူးသောဟိုဆော့ဟျောင်းက
အမှုအသွားအလာကိုနည်းနည်းလောက်ရိပ်မိလောက်
မည်ဆိုကာခေါ်လာပေမယ့် မျက်နှာက်မှုန်ကုတ်လျက်
စိတ်ပျက်လက်ပျက် ခုံပေါ်မှာထိုင်၍ ထိုဆေးဘူးကို
ဖင်တစ်ပြန်ခေါင်းတစ်ပြန် သာစိုက်ကြည့်နေသည်။

“ ဒီဆေးဘူးအပြင် ဘာသက်သေရှိသေးလဲ ”

“ ဘာမှမရှိတော့ဘူး... အခင်းဖြစ်တဲ့နေရာက
CCTVကိုသွားစစ်ကြည့်ခဲ့တော့လည်း...
ဗီဒီယိုက 15မိနစ်စာလောက်ကြားထဲမှာဖြတ်ခံ
ထားရတယ် ”

“ ဟုတ်ပြီ... ဒါဆိုကျွန်တော်တို့အဲ့ဒီကနေစကြ
မှာပေါ့... ဒီဗီဒီယိုကို cut သွားတဲ့လူကိုအရင်ဆုံး
စုံစမ်းကြမယ်... ”

ဟိုဆော့ကပြောတော့ ယွန်းဂီကခေါင်းတစ်ငြိမ့်ငြိမ့်နဲ့
လက်ခံလိုက်၏။ ညောင်မြစ်တူးရင်း တစ်‌ဖြည်းဖြည်း
တော့ပုတ်သင်ဥပေါ်လာမှာပေါ့။အမှန်တရားဆိုတာက
ထိန်ချန်ထားလဲပေါ်လာစမြဲပါဘဲ။

“ စုံစမ်းရေးကိုတော့ ကျွန်တော်တို့ဘက်ကတာဝန်ယူ
လုပ်ဆောင်မှာပါ... အကြောင်းထူးရင်ဒီကရှေ့နေကြီးနဲ့
ထယ်ဟျောင်းကိုဆက်သွယ်လိုက်ပါ့မယ် ”

“ ကောင်းပါပြီဗျာ... ဒါဆိုရင် ကျွန်တော်တို့လည်း
ပြန်လိုက်ပါဦးမယ်~ ”

“ ဟုတ်ကဲ့ပါ... ”

နှစ်ယောက်သားစခန်းကပြန်လာကြပြီးတဲ့နောက်
သူကတော့ hair salon တစ်ခုကိုဝင်ပြီးမှအိမ်ကိုပြန်
လာခဲ့သည်။
.
.
.
.
ရေများစွာအဆက်မပြတ်ကျဆင်းနေသောရေပန်း
အောက်ကခန္ဓာကိုယ်မားမားဟာနံရံကိုလက်တစ်ဖက်ထောက်လျက်ရေပန်းအောက်ခေါင်းကိုငုံ့ကာမျက်ရိုး
တွေကိုကျန်လက်တစ်ဖက်ဖြင့်ဖိကိုင်ထားသည်။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Where stories live. Discover now