XXIII [ Final ]

3.2K 191 13
                                    

Uni





‘ ချစ်တယ် ကင်မ်ထယ်ဟျောင်း ~ ’

နောက်‌ဆုံးအမှတ်ရခဲ့သောမြင်ကွင်းက အာရုံထဲ
စိုးမိုးလာသည့်အခါ မှေးမှိတ်ထားသောမျက်ဝန်းများ
ဖျတ်ခနဲပွင့်လို့လာသည်။ ချွေးစများကပ်ငြိနေရာ
မျက်နှာချောချောကိုတစ်ချက်သပ်လိုက်မိ၏။

နံရံကပ်နာရီကိုတစ်ချက်လှမ်းကြည့်တော့ ၃နာရီ
စွန်းစွန်းသာရှိသေးသည်။ ဒီညလည်းအိပ်ရေးပျက်
ပေဦးမည်။ night stand ပေါ်တင်ထားသော
ဆေးဘူးကိုဖွင့်၍ ဆေးလုံးတစ်လုံးထုတ်ကာ ရေနှင့်
အလျင်အမြန်မျှောချ၏။ ဝတ်ထားသောတီရှပ်ဖြူဖြူ
ကိုကိုချွတ်ပစ်ကာတစဖန်ခြေပစ်လက်ပစ်အိပ်ရာပေါ်
လှဲချသည်။ ဆင်စွယ်ရောင်မျက်နှာကျက်ဖြူဖြူကို
ကြည့်နေရင်းကမျက်လုံးတွေမှေးဆင်းလာရင်းဆေး
အကူနဲ့အိပ်စက်သွားပြန်၏။

ရေကန်စပ်ကတံတားထိပ်မှာထိုင်ရင်း နေဝင်ဆည်းဆာ
ချိန်ပုစွန်ဆီရောင်သန်‌းနေသောကောင်းကင်ဝန်းရံသည့်
စိမ်းစိုသောသစ်တောခြံရံထားသည့်ရေပြင်ပြာပြာနှင့်
ရှူခင်းအလှကို ဂျွန့်ကိုလွမ်းတဲ့စိတ်တွေများပျောက်လို့
ပျောက်ငြား ဒီချိန်တိုင်းလာငေးမိနေတာ တစ်နှစ်နီးပါ
ရှိပြီ။

နောက်ဆုတ်ဖို့ကြိုးစားရင်း ပိုမိုရှေ့တိုးမိနေပြီ။
မေ့ဖျောက်ဖို့ကြိုးစားမှ ပိုမိုကာလွမ်းဆွတ်မိနေပြီ။
ဝဲဘက်ရင်အုံမှနှလုံးသားလေးမှာ ဂျွန့်ကိုလွမ်းပြီးရင်း
လွမ်း တမ်းတပြီးရင်းတမ်းတလို့နေဆဲဘဲ။

ဂျွန်မရှိသောရပ်ဝန်းမှာအားခဲကာ ဂျွန်ပြန်အလာကို
စောင့်နေသည်မှာတစ်နှစ်နီးပါးကြာလေပြီ။ ဒါကို
ဂျွန်သိအောင်ပြောပြချင်ပါရဲ့။ ဂျွန်မရှိနဲ့နေ့တွေမှာ
အလုပ်တွေဖိလုက်ရင်း ဂျွန်မရှိသောညတွေကိုဆေး
အကူနဲ့ဖြတ်သန်းရင်း ကိုယ်နေသားကျနေပြီလို့ထင်ရင်
သိပ်ကိုမှားသွားနိုင်တယ်။

ဂျွန့်ကိုလွမ်းတဲ့စိတ်နဲ့ညဘက်အိပ်မပျော်ခြင်းက
ရောဂါတစ်ခုလိုစွဲကပ်လို့နေပါပြီ။ ဂျွန့်ကိုမှမဟုတ်ရင်
ဘယ်အိုမီဂါကိုမှမထိချင်တဲ့စိတ်နဲ့rut ကာလကို
ဆေးတွေနဲ့ထိန်းချုပ်လို့နေခဲ့ပြီ။ ဂျွန်‌ပေးတဲ့ဒဏ်ရာ
တွေနဲ့ တစ်စဆီကြေကွဲနေတဲ့ အသည်းကွဲဒဏ်ရာကို
ဝီစကီတွေနဲ့ ဖြေဖျောက်တတ်လို့နေခဲ့ပြီ။ ဂျွန့်ကိုချစ်
တဲ့အချစ်တွေများလျှော့သွားလေမလားဆိုပြီး ဂျွန့်
အကြောင်းတွေကိုယ့်အတွေးထဲစိုးမိုးလာလေတိုင်း
စီးကရက်တစ်လိတ် မီးညှိပစ်လိုက်ရင်း ခပ်ပြင်းပြင်း
ရှိုက်ကာ အငွေ့တွေကို မှုတ်ထုတ်ပစ်ရင် ဂျွန့်ကိုချစ်တဲ့
စိတ်တွေပါသွားနိုင်တယ်ဟု ရူးကြောင်ကြောင်တွေးရင်း
ကိုယ့်ဒဏ်ရာတွေကို ကုစားနေမိပါရဲ့။

𝐑𝐞𝐣𝐞𝐜𝐭𝐢𝐧𝐠 𝐚𝐬 𝐚 𝐌𝐚𝐭𝐞« 𝗩𝗞𝗢𝗢𝗞 » ©✓Onde histórias criam vida. Descubra agora