EP-1

26.4K 1K 34
                                    

"မြတ်သီရိဆွေ"
မြတ်ဘဝဟာလိုလေသေးမရှိ ပြီးပြည့်စုံသည်လို့ပြောရမှာထက် ပြည့်စုံလွန်းသည်ထက်ပိုသည်လို့သုံးနှုန်းရရင်ပိုမှန် မည် လူတွေကမြတ်ကိုကြောက်သလိုဖြစ်နေတာမျိုးကိုမြတ်သိပ်သဘောကျတယ် မြတ်နဲ့အကြည့်ချင်းဆုံးရင်တောင်အကြည့်လွှဲသွားရလောက်တဲ့အထိကြောက်တာမျိုးကိုနှစ်သက်တယ် မြတ်တစ်ခွန်းဆိုတစ်ခွန်းပဲလုပ်ကြတာကိုမြတ်သဘောကျတယ် ဒီအရာတွေကိုလုပ်ယူလို့ရတဲ့အရာဟာပိုက်ဆံ ပိုက်ဆံသာလျှင်အဓိက မြတ်ကိုသဘောကျနှစ်သက်လို့လာရောက်ကမ်းလှမ်းသူတွေများစွာကိုမြတ်ကြုံဖူးပါရဲ့ ဒါပေမဲ့သူတို့တကယ်နှစ်သက်တာမြတ်ကိုမှမဟုတ်တာ မြတ်ရဲ့အလှနဲ့မြတ်ရဲ့စည်းစိမ်
မြတ်အမှန်တိုင်းပြောရရင် ယောကျ်ားတွေကိုအထင်မကြီး သိပ်ရွံရှာမုန်းတီးတယ် မြတ်မှာမွေးစားသမီးတစ်ယောက်ရှိတယ် သူ့နမည်နွယ်ကြိုး လောကမှာ မြတ်အမုန်းဆုံးလူရဲ့သွေးသား မြတ် ရဲ့လက်စားချေမှု့မလုပ်ရသေးခင်သေသွားတဲ့အတွက် ထိုလူရဲ့သားသမီးကိုမွေးစားကာ မြတ်ခံစားခဲ့ရတဲ့အတိုင်းခံစားစေရမယ်လို့မြတ်ဆုံးဖျက်ထားတယ် ဒါမြတ်ရဲ့ကလဲ့စားပင်

"နွယ်ကြိုး"
ဘဝမှာအကြောက်ဆုံးအရာကိုပြောပါဆိုလျှင် မာမီ
ကြိုးရဲ့မာမီ 'ကြိုး' လို့လှမ်းခေါ်တဲ့မာမီ့အသံမှာတင်ကြိုးကြောက်ဒူးတုန်နေလေပြီ ကြိုးအသက်၁၈နှစ်မှာကြိုးအကြောက်တရားနဲ့လွတ်တဲ့နေ့ဆိုလို့မရှိခဲ့ ကြိုးဘဝဟာ
မာမီထားရာနေ မာမီကျွေးရာစားဘဝပင် ဒါပေမဲ့ ကြိုးဘဝမွန်းကြပ်မှု့မျိုးရှိဘူးလားမေးရင်း မရှိခဲ့ ဒီဘဝလေးကိုကြိုးကျေနပ်သည်

အချိန်ကားမနက် ၄နာရီ
သီရိမြိုင်စံအိမ်ထဲကလူအားလုံးဧည့်ခန်းမကြီးထဲရောက်နေကြတယ်

'ချောက် ချောက်'

တိတ်ဆိတ်နေတဲ့ဧည့်ခန်းမထဲ အိမ်ကြီးရဲ့အသက်အကြီးဆုံးသူဖြစ်သလို သီရိမြိုင်ရဲ့အရှင်သခင်မဖြစ်နေစဲဖြစ်တဲ့ အသက် ၈၂နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်မူယာခင်၏စိတ်ပုတီးသံသာတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုဖြိုခွဲနေတယ်

'ဒါကဘယ်လဲ'

မြတ်ရဲ့မေးခွန်းကြောင့် ကြိုးရဲ့ခြေလှမ်းတို့ဟာရပ်တန့်သွားကာ မြတ်ဖက်ကိုပြန်လှည့်လာတယ်

သီရိမြိုင်Where stories live. Discover now