EP-10

10.3K 752 9
                                    

'မာမီ ဘယ်လိုလဲ ကြိုးလှရဲ့လား'

မြတ်ရှေ့မှာဂါဝန်လေးကိုကိုယ်မှာကပ်ပြတဲ့ကြိုး

'ဒါပေါ့ မာမီ့ကြိုးလေးကဘာဝတ်ဝတ်ကိုလှနေတာ'

မြတ်ကိုပါတီဖိတ်ထားတာမို့ ကြိုးကိုပါခေါ်သွားမှာဖြစ်တဲ့အတွက် ကြိုးအတွက်ပွဲတက်ဝတ်စုံအသစ်လာဝယ်နေခြင်းပင်

'ဒီအဖြူလေးကပိုလှလား ဒီအပြာလေးကပိုလှလား'

'မာမီ့မျက်လုံးထဲတော့အားလုံးကအတူတူပဲ ကြိုးကိုယ်ပေါ်ရောက်သွားတော့မှသာ ကြိုးကြောင့်သူတို့လှသွားတာ'

'ပိုပြီ'

'တကယ်

'ကြိုးတော့ ဒါလေးကပိုလှတယ်ထင်တယ်'

'ကြိုး ကြိုက်လား'

'အွန်း'

'အဲ့တာလေးယူလိုက် ဟိတ် ဒါလေးယူမယ်'

'ခဏ ခဏနေပါဦး ကြိုး ဝတ်ကြည့်လိုက်ဦးမယ်လေ'

'ဒီဘက်မှာပါ အဝတ်လဲတဲ့အခန်းက'

'နေဦး'

မြတ်အရင်ဝင်ကာအခန်းကိုသေချာစစ်ဆေးလိုက်တယ်

'ဘာလို့လဲ မာမီ'

'ခိုးရိုက်တဲ့ camera တွေဘာတွေရှိနေမှာစိုးလို့'

'ရှိလား'

'မရှိဘူး'

ကြိုး အထဲကိုဝင်ကာအင်္ကျီဝတ်လိုက်တယ် ဇစ်ဆွဲရမှာမို့
ကြိုးလက်တို့ကဇစ်ကိုမမှီ
အဝတ်လဲခန်းထဲကနေခေါင်းလေးထွက်လာတဲ့ကြိုး

'ဘာလိုလို့လဲကြိုး'

'ဟို ဝန်ထမ်းအမတစ်ယောက်လောက်ခေါ်ပေးပါလား'

'ဘာလို့လဲ'

'ခေါ်သာခေါ်ပေးပါလို့'

'မာမီကူနိုင်ရင်ကူမယ်လေ မာမီ့ကိုပြော'

'အင်္ကျီဇစ်ဆွဲမရလို့'

'ဒါများ မာမီရေဇစ်ဆွဲပေးဆိုပြီးရောကို'

'မာမီကလဲ ရှက်တာကိုလို့'

'ဘာလို့ရှက်ရတာလဲ ရှင်လေးကိုယ်မှာကျွန်မမမြင်ဘူးတဲ့နေရာမရှိဘူး ဟိုဘက်လှည့်'

လုပ်သာလုပ်ပေးနေရတာ မြတ်ရင်တုန်နေသည်

'မာမီတပ်လို့ပြီးဦးမှာလား'

သီရိမြိုင်Where stories live. Discover now