'ဦး'
'ဟုတ် ဆရာ'
ဦးတစ်ယောက်လူနာကြည့်နေတုန်း ဦးရဲ့ဆရာလဲဟုတ် အထက်လူကြီးလဲဟုတ်တဲ့ ဦးဇင်ကိုအောင်ရောက်လာတယ်
'ဪ Patient ရှိနေတာပဲ'
'ဟုတ်တယ်ဆရာ'
'ဒီတစ်ယောက်ပြီးရင်အားပြီမလား'
'ဟုတ် ဆရာ'
'ပြီးရင် lunchအတူသွားစားရအောင်'
'ဟုတ် ဆရာ'
ဆရာနဲ့အတူဆေးရုံနားက Zamal စားသောက်ဆိုင်ကိုရောက်ခဲ့တယ်
'ဦး ဆရာ့ကိုအားမနာနဲ့ ကြိုက်တာမှာနော်'
'ဟုတ်ဆရာ'
ဆိုင်ကသန့်တယ် ဒါပေမဲ့ တစ်ဝိုင်းနဲ့တစ်ဝိုင်းကိုဝါးနံရံလေးပဲခြားထားတော့ ဒါပေမဲ့အသံကတော့သိပ်မလုံ
'ဘေးအခန်းကဆူညံနေတာပဲ'
ဦးမကျေနပ်စွာရေရွတ်မိသည်
'ဆရာသွားပြောလိုက်မယ်လေ ခဏ'
'ရတယ်ဆရာ တစ်ဖက်ကမိန်းကလေးတွေထင်တယ် ကျွန်မပဲပြောလိုက်မယ်'
ဦး ထိုဝိုင်းဘက်လျှောက်လာခဲ့တယ်
ကြိုးနဲ့ရွယ်တူလောက်ကလေးမလေးတွေပင်'ဒီမှာကွဲ့ တို့ကဘေးဝိုင်းကပါ ကလေးမတို့စကားပြောသံကိုနဲနဲတိုးပေးနိုင်မလား တို့ဝိုင်းဘက်ကနေအကျယ်ကြီးကြားနေရလို့'
'နှိုင်းရေ'
ကောင်မလေးတစ်ယောက်က နမည်တစ်ခုခေါ်တော့သူတို့အဖွဲ့ကောင်မလေးတစ်ယောက်ကထလာတယ်
'ပိုက်ဆံပေးစားတဲ့သူအချင်းချင်း အမိန့်ပေးစရာမလိုဘူးထင်တယ်'
'အမိန့်မပေးပါဘူး တို့တောင်းဆိုနေတာပါ'
'နှိုင်းကလက်မခံဘူးဆိုရင်ရော အန်တီက ဘာလုပ်ချင်လဲ'
ကလေးအရွယ်လောက်လေးနဲ့လူကိုမခန့်မလေးစားပြုမူနေတာအမြင်ကပ်စရာ
'တို့တစ်ခြားဆိုင်ပြောင်းရုံပဲပေါ့ ကလေကချေတွေကိုပါဧည့်ခံတဲ့ဆိုင်မှာမစားနိုင်ဘူး'
'စိတ်ရှိ သဘောရှိအတိုင်းပါပဲရှင် နှိုင်းတို့ကတော့အသံတိုးေုးဖို့လုံးဝစိတ်ကူးမရှိဘူး'
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"